နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယာဉ်စည်းကမ်းထိန်းသိမ်းရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

တိုးတက်‌ပြောင်းလဲခြင်းဟူသည် အကောင်းရောအဆိုးပါ ဒွန်တွဲလာတတ်ပြီး တစ်ဖက်တွင် နောက်ဆက်တွဲဆိုးကျိုးလည်း ရှိတတ်သည်။


ထိုအကောင်းအဆိုး ဒွန်တွဲနေသည့် ဖြစ်ထွန်းနေမှုများတွင် ယနေ့ဖြစ်ထွန်းလာသည့် မော်တော်ယာဉ်အရေအတွက်များ များပြားလာခြင်းလည်း အပါအဝင်ဖြစ်ကာ အကောင်းအဆိုးဒွန်တွဲ ဖြစ်ပေါ်နေသည်ဟု ဆိုချင်ပါသည်။


မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံးနှင့်အစည်ကားဆုံး မြို့မှာ ရန်ကုန်မြို့ဖြစ်သည်။ လူမှုဘဝဖြစ်ထွန်းမှုများအားလုံးကို ရန်ကုန်မြို့တွင် မြင်တွေ့နိုင်သည်။ ထိုအထဲတွင် မော်တော်ယာဉ် များတိုးတက်များပြားလာမှုမှာ ရန်ကုန်မြို့တွင် အများဆုံးဖြစ် နေသည်ဟု ဆိုနိုင်သည်။


နောက်ဆက်တွဲဆိုးကျိုးမှာ ယာဉ်ကြောပိတ်ဆို့နေသဖြင့် ခရီးသွားလာမှုကြန့်ကြာခြင်း၊ စက်သုံးဆီကို နိုင်ငံခြားငွေဖြင့် ဖြည့်ဆည်းပေးနေရခြင်း၊ မြို့နေပြည်သူများအနေဖြင့် လမ်းပိတ် ဆို့မှု ဒဏ်ခံရခြင်းကြောင့် အချိန်များ လေလွင့်ဆုံးရှုံးနေခြင်း၊ ယာဉ်အန္တရာယ်ကို ပိုမိုကြုံတွေ့နိုင်ခြင်းစသည့် ဆိုးကျိုးများကို ရင်ဆိုင်လာကြရသည်။


ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး         ကြီးကြပ်မှုကော်မတီရုံးချုပ်အစည်းအဝေးခန်းမ၌ YRTC ကော်မ တီဝင်များနှင့် YBS ကုမ္ပဏီယာဉ်လိုင်းများ လုပ်ငန်းညှိနှိုင်း ဆွေး နွေးပွဲကိုဧပြီ ၂၈ ရက်က ကျင်းပရာ YBS ၊ YUPT၊ YBPC ၊ ဗန္ဓုလ Omni Focus လူထုမိတ်ဆွေကုမ္ပဏီအပါအဝင် YBS ကုမ္ပဏီပေါင်း ၂၀ တက်ရောက်ခဲ့ကြသည်။


ဆွေးနွေးပွဲတွင် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ခရီးသွားပြည်သူများအား လုံခြုံမှုအပြည့်ဖြင့်လိုရာခရီး ပို့ဆောင်ရေး၊ YBS ပြေးဆွဲမှုစနစ်တွင် နည်းပညာအခြေခံယာဉ် စည်းကမ်းထိန်းသိမ်းခြင်းဆောင်ရွက်မှု၊ ယာဉ်လိုင်းတစ်လိုင်းတွင် ၇၀ ရာခိုင်နှုန်းကျော်ပြည့်မီစွာပြေးဆွဲနိုင်ရေး၊ ယာဉ်စည်းကမ်းပိုင်း ပြစ်ဒဏ်များသတ်မှတ်အရေးယူခြင်း၊ ပြေးဆွဲခရီးစဉ်လမ်းကြောင်း အတွင်း နံနက်၊ ည၊ ရုံးတက်၊ ရုံးဆင်းချိန်များတွင် ခရီးသည် စုပုံမှုမရှိစေရေး၊ နောင်တွင် YBS Electric Bus ပြေးဆွဲမည့် အခြေ အနေများနှင့် YBS ကတ်စနစ်ဆောင်ရွက်ထားမှုအခြေအနေ များ ကို လက်တွေ့ကျကျဆွေးနွေးညှိနှိုင်းကြသည်။


ယာဉ်သုံးစွဲသူများနှင့်လမ်းအသုံးပြုသူတို့ စည်းကမ်းတကျ လိုက်နာခြင်းဖြင့်သာ မြို့ပြမွန်းကျပ်မှုမှ ကင်းဝေးနိုင်မည်ဖြစ်သည်။ အဓိကအချက်မှာ တစ်ဦးချင်းစည်းကမ်းလိုက်နာမှု တာဝန်သိတတ် မှုဖြစ်ရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ပညာပေးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆက်လက် ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပေသည်။






အခြားဆက်စပ်သတင်းများ