နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး

လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၏ စွမ်းအားကြောင့် လျှပ်စစ် ဓာတ်အားသုံးစွဲသူတို့ များလာ၏။ လျှပ်စစ်ဓာတ်အား အသုံးများ လာသော နေအိမ်များတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများ သုံးစွဲ မှု  များပြားလာသည်။  လျှပ်စစ်ဓာတ်အားသုံးစွဲမှု  များပြား လာသကဲ့သို့ လူမှုဘဝများလည်း တိုးတက်လာသည်။


ရန်ကုန်မြို့တွင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးရေး အတွက် မူလလျှပ်ကာမပါသော ကြိုးများအား ယခုအခါ လျှပ်ကာ ဖုံးထားသော ကြိုးများဖြင့်  လဲလှယ်‌ဆောင်ရွက်ပေးခဲ့သည်။          လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် နှိုးဆော်ချက်များလည်း ထုတ်ပြန်ထားသည်။


မိုးဦးကျကာလတွင် မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် ဓာတ်အားလိုင်းကြိုးများ လျော့ကျခြင်း၊ ပြတ်ကျခြင်းများ ဖြစ်ပွား တတ်ရာ အများပြည်သူများ လျှပ်စစ်အန္တရာယ်မဖြစ်စေရေး အတွက် စောင့်ကြည့်သတိပေးမှုများ၊ အတားအဆီးများ ပြုလုပ် ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။


ဓာတ်အားလိုင်းအနီး ဓာတ်အားလိုင်းပေါ်ရှိ သစ်ပင်၊ သစ်ကိုင်း များ ခုတ်လှဲခြင်းကို သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်မရှိဘဲ ခုတ်လှဲဆောင်ရွက်ခြင်းများကို အလေးမူသင့်သည်။


အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မီးခလုတ်၊ မီးပလပ်များအား ရေစိုနေသော ခန္ဓာကိုယ်၊ ရေစိုနေသော အဝတ်အစား ဝတ်လျက် ကိုင်တွယ်မှု မပြုခြင်း၊ တမံသလင်းပြင်ပေါ်၌ ခြောက်သွေ့သော ဖိနပ်စီးထားခြင်းမရှိဘဲ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများအား ကိုင်တွယ်အသုံးမပြုခြင်း၊ လျှပ်စစ်ပစ္စည်းများကို ကလေးငယ်များ လက်လှမ်းမမီသောနေရာတွင် အသုံးပြုခြင်း၊ နေအိမ်ရှိ လျှပ်စစ် ပစ္စည်းများအား တစ်ပြိုင်နက်အသုံးမပြုခြင်း၊ ပျက်စီးနေသော ပလပ်၊ မီးခလုတ်များ ဆေ့ဖ်ကတ်များ အသုံးမပြုဘဲ အမြန်ဆုံး လဲလှယ်ခြင်းများ ဆောင်ရွက်ခြင်းဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်း ရန် သတိပြုရမည့်အချက်များဖြစ်သည်။


လျှပ်စစ်ဓာတ်အား သုံးစွဲသူများအနေဖြင့် ‌ဟောင်းနွမ်းနေ သော လျှပ်စစ်ကြိုးများကို လဲလှယ်ခြင်း၊ လျှပ်စစ်ဒဏ်ခံကြိုးများ သတ်မှတ်သည့် စံနှုန်းအတိုင်းတပ်ဆင်ရန်နှင့် ခံနိုင်အားထက် ပိုမထည့်သွင်းရန်၊ လျှပ်စစ်မီးဖို၊ မီးပူ သုံးစွဲပြီး မီးပျက်လျှင် ခလုတ် ပိတ်ပြီး ပလပ်ခေါင်းဖြုတ်ရန် အသိပေးထားရာ လျှပ်စစ်ဓာတ်အား သုံးစွဲသူများအနေဖြင့် ဆင်ခြင်သုံးစွဲစေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ