နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြိုတင်ကာကွယ်ခြင်းဖြင့် ထိရောက်စွာဟန့်တား

ကျန်းမာခြင်းသည် တန်ဖိုးမဖြတ်နိုင်သော လာဘ်ကြီးတစ်ပါး ဖြစ်သည်။ လူတိုင်း ကျန်းမာနေပါမှ အသက်ရှင်ရပ်တည်နေထိုင် နိုင်မည်ဖြစ်ပြီး အလုပ်ကို ကိုယ်စွမ်းရှိသမျှ လုပ်ကိုင်နိုင်မည် ဖြစ်သည်။ လူတိုင်း အသက်ရှင်နေထိုင်နိုင်မည် ဖြစ်သည်။


လူတိုင်း အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အခြေခံအကျဆုံး သည် ကျန်းမာရေးစောင့်ရှောက်မှုပင်ဖြစ်သည်။ ကျန်းမာရေး စောင့်ရှောက်မှုကို မိမိကိုယ်တိုင် ဆောင်ရွက်နိုင်မှသာ တစ်ကိုယ် ရေ ကျန်းမာသန်စွမ်းမည်ဖြစ်သည်။


ယနေ့ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါမှာ အမြစ်ပြတ် ပျောက်ကွယ်သွားခြင်းမရှိ၊ မျိုးရိုးဗီဇပြောင်းလဲလာ သည့် ရောဂါပိုးများ ပေါ်ပေါက်လာခဲ့သည်။ ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိသည်။


ရောဂါဖြစ်မှ ကုသခြင်းထက် ရောဂါမဖြစ်ခင် ကြိုတင် ကာကွယ်ခြင်းသည် ပိုမိုထိရောက်သည်။ သန့်ရှင်းမှုမရှိခြင်းကြောင့် ရောဂါပိုးမွှား ကူးစက်နိုင်သည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ကုသ၊ ထိန်းချုပ်ရေး ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို လူတိုင်း လိုက်နာကျင့်သုံး ခြင်းဖြင့် ရောဂါကူးစက်မှုအရှိန်တန့်သွားကာ ဖြစ်ပွားနှုန်း တဖြည်းဖြည်း ကျဆင်းသွားလျက်ရှိသည်။ ပြည်သူများအနေဖြင့် သတိလက်လွတ်၊ ပေါ့လျော့စွာနေထိုင်ခြင်းသည် ရောဂါပျံ့နှံ့မှုကို အားပေးရာရောက်သည်။


ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်းကို ထိန်းချုပ်ရာတွင် ကမ္ဘာ တစ်ဝန်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ထိန်းချုပ်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် ခန္ဓာကိုယ်ထဲရှိ ခုခံအား စနစ်ကို တုံ့ပြန်မှုကောင်းအောင် ဆောင်ရွက်ခြင်းဖြစ်ပြီး ဗိုင်းရပ်စ် များက ခန္ဓာကိုယ်မှာရှိသော ဆဲလ်များတွင် ဝင်ရောက်ပွားများလာ ပါက ခန္ဓာကိုယ်ခုခံအားစနစ်ဖြင့် ပြန်လည်တုံ့ပြန်ခြင်းဖြစ်သည်။


ခန္ဓာကိုယ်ခုခံအားစနစ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားပါက ရောဂါပိုးကို ပြန်လည်တုံ့ပြန်ထိန်းချုပ် ချေဖျက်နိုင် မှုက ကာကွယ်ဆေးအပေါ်မူတည်ပြီး ရောဂါကူးစက်မှုကို ၈၀ ရာခိုင်နှုန်းအထက် အကာအကွယ်ပေးနိုင်ကြောင်းနှင့် ရောဂါ ဝေဒနာပြင်းပြင်းထန်ထန် ခံစားရမှုကို ၉၅ ရာခိုင်နှုန်းအထက် အထိ ကာကွယ်ပေးနိုင်ကြောင်း သက်ဆိုင်ရာကျန်းမာရေးအဖွဲ့ အစည်းများက အသိပညာပေး ဖြန့်ဝေပြောကြားထားသည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါအပိုဆောင်း (Booster) ထိုးနှံပေး လျက်ရှိရာ သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနများတွင် ထိုးနှံ နိုင်သည်။ 


ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကင်းစင်စေရန် ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပါဝင်ထိုးနှံသကဲ့သို့၊ ပါးစပ် နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေး ခြင်း၊  ခပ်ခွာခွာနေခြင်းတို့သည်  မိမိကိုယ်ခန္ဓာထဲ ရောဂါပိုး မဝင်အောင် တားဆီးခြင်းပင်ဖြစ်သည်။  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  အခမဲ့ ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေ ဖြင့်  ကာကွယ်ဆေးထိုးနှံမှုကို  မပျက်မကွက်ခံယူကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။     ။






အခြားဆက်စပ်သတင်းများ