နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်းဘူးမြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

မင်းဘူး ဧပြီ   ၂၆


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနက ဒေသတွင်း အသေးစား စက်မှုလက်မှု လုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် လူမှု စီးပွားဘဝဖွံဖြိုးတိုးတက်လာစေ ရန် လူသုံးကုန်ထုတ်လုပ်မှု နည်း ပညာသင်တန်းကို ယမန်နေ့က အဆိုပါ ဦးစီးဌာနရုံး၌ ဖွင့်လှစ်သည်။


လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲ  အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး  အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးစိုးနိုင်ထူး၊ မင်းဘူး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ် သည်။


အဆိုပါသင်တန်းတွင် ဆပ်ပြာ၏ အခြေခံသဘောတရားများ၊ဆပ်ပြာ ပြုလုပ်ရာတွင် ဓါတုဗေဒ ကုန်ကြမ်း ပစ္စည်းများ၏ အသုံးဝင်ပုံ၊ အဝတ်လျှော် ဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာနှင့် ရေချိုးဆပ်ပြာဆီများကို (သဘာဝ နည်းနှင့် ဓါတုနည်း) အသုံးပြုပြီး ထုပ်လုပ်ပုံအဆင့်ဆင့်၊ သဘာဝခေါင်း လျှော်ရည်၊ ဆပ်ပြာမှုန့်၊ Scrub အမျိုးမျိုး၊  ဆီအခြေခံ ဆပ်ပြာခဲ အမျိုးမျိုးပြုလုပ်နည်း၊ ဆံသားအား ဖြည့်ပေါင်းဆီ၊ Hand Wash ၊ Hand Santilizer ၊ Hand Spary ၊ Quality Control and Packaging နှင့် စားသုံး သူအကာအကွယ်ပေးရေးဥပဒေနှင့် ပတ်သက်သည်များအပြင် အသေး စားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင် ခြင်းဆိုင်ရာ သိကောင်းစရာများစသည့် ဘာသာရပ်များကို စာတွေ့ လက်တွေ့ ဖြင့် စနစ်တကျ သင်ကြား ပို့ချပေး သွားမည်ဖြစ်ကြောင်း ခရိုင် အသေးစား စက်မှုလုပ်ငန်းဦးစီးဌာနက သိရသည်။ 


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ မင်းဘူးခရိုင် အသေးစား စက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို မင်းဘူး(စကု)မြို့နယ် အတွင်းမှ သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ပြီး ဧပြီ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ငါးရက်ကြာ အခမဲ့ဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်သည်။

CN - ၀၃၂






အခြားဆက်စပ်သတင်းများ