နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူဆယ်မြို့နယ် ကျေးလက်ကုန်ထုတ်လမ်းတံတား လုပ်ငန်းများ ဆောင်ရွက်မည်

မူဆယ်  ဧပြီ   ၂၆


မူဆယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည် သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်း သက်သာစွာဖြင့် ဈေးကွက်သို့လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် မူဆယ်မြို့နယ် အတွင်းရှိ မန်ခုံလုံကျေးရွာ၌ ကုန်ထုတ်လမ်း ၁ ဒသမ ၄ မိုင် ဖောက်လုပ်ခြင်းနှင့် BoxCulvert တစ်စင်းတည် ဆောက်ခြင်း၊ ကောင်းဝိန်း+လင်းလိုင်ကျေးရွာ၌ ကုန်ထုတ်လမ်း ၂ မိုင်ဖောက် လုပ်ခြင်းနှင့် BoxCulvert တစ်စင်းတည်ဆောက် ခြင်းလုပ်ငန်းတို့ကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ စုစုပေါင်း ၁၃၇ ဒသမ ၅ ကျပ်သန်း ဖြင့် ဖောက်လုပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုအခါလုပ်ငန်းများ စတင်ဆောင်ရွက် နိုင်ရေး တင်ဒါခေါ်ယူခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိ ကြောင်း မူဆယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

စိုးမိုးကျော်






အခြားဆက်စပ်သတင်းများ