နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကလိန်ခင်ကျေးရွာ ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ညောင်လေးပင်  ဧပြီ   ၂၆


ညောင်လေးပင်မြို့နယ်၊  ကလိန်ခင်ကျေးရွာ၌ ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်းကို ယခုနှစ် မတ်လ ဒုတိယအပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း      ညောင် လေးပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရသည်။


ကလိန်ခင်ကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀ ၊ ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေ ကျပ် ငါးသိန်း၊ စုစုပေါင်း ငွေကျပ် ၁၀၅ သိန်းဖြင့် အရှည် ၄၈၄ ပေ၊ အကျယ် ၂ ပေ၊ အမြင့် ရှစ်လက်မထု ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းကို ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်း ဆောင်ရွက်နိုင်မှုကြောင့်  ကျေးရွာနေပြည်သူများ ရာသီမရွေးသွားလာနိုင်ပြီဖြစ် ကြောင်း ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကသိရသည်။


ညောင်လေးပင်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြင့် အင်းပုဝါ၊ ဇရပ်ကုန်း၊ ခင်ကန့်လန့်ရွာသစ်၊ ပေါက်တော စသည့်ကျေးရွာလေးရွာ၌ ကျေးရွာအဝင်နှင့် ကျေးရွာတွင်း လမ်းခင်းခြင်း လုပ်ငန်းလေးခုကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခု ကလိန်ခင်ကျေးရွာကို ထပ်မံတိုးချဲ့ဆောင်ရွက်ရန် ခွင့်ပြုချက် ရရှိ ခဲ့ခြင်းဖြစ်ကြောင်း ညောင်လေးပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင် ထံမှသိရသည်။                                                              

သန်းလွင်(မကွေး)






အခြားဆက်စပ်သတင်းများ