နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန် အပျော်စီးသင်္ဘော တိမ်းမှောက် အနည်းဆုံး ၁၀ ဦး သေဆုံး

   တိုကျို၊  ဧပြီ ၂၆


ဂျပန်နိုင်ငံမြောက်ပိုင်း ကမ်းလွန် ပင်လယ်ပြင်အတွင်း ခရီးသည် ၂၆ ဦး တင်ဆောင်လာသည့် အပျော်စီးသင်္ဘော တိမ်းမှောက်သွားရာ ယင်းတို့အနက် ၁၀ ဦး သေဆုံးသွားကြောင်း ဂျပန်ကမ်းခြေ စောင့်တပ်ဖွဲ့က ဧပြီ ၂၅ ရက်တွင်အတည် ပြုပြောကြားသည်။


အဆိုပါသင်္ဘောသည် ဂျပန်နိုင်ငံ မြောက်ပိုင်း ဟိုကိုင်းဒိုး ပင်မကျွန်းစုကြီး ၏ကမ်းလွန်ရှိ ရေခဲတမျှအေးခဲနေသည့် ပင်လယ်ပြင်အတွင်း တိမ်းမှောက်သွား ခြင်းဖြစ်ပြီး သေဆုံးသွားသူ ၁၀ ဦး အနက် ၇ ဦးမှာ အမျိုးသားများ ဖြစ်ကာ ကျန် ၃ ဦးမှာ အမျိုး သမီးများ ဖြစ်သည်။ 


အဆိုပါ သင်္ဘောတိမ်းမှောက်သွား သည့်နေရာသည် နှစ်စဉ်မတ်လကုန် ပိုင်းအထိ ရေခဲများ မျောနေလေ့ရှိပြီး အဆိုပါရေ၏ အပူချိန်မှာ ၂-၃ ဒီဂရီ ဆဲလ်စီးယပ်ခန့် ရှိတတ်ကြောင်း၊ ရေ ထဲသို့ကျသွားပြီး မိနစ်အနည်းငယ် အတွင်းမှာပင် လူကိုအန္တရာယ်ဖြစ်စေ သည်အထိ အေးလာတတ်ကြောင်းဒေသ တွင်းငါးလုပ်ငန်းဆိုင်ရာ အရာရှိများက ပြောသည်။


အဆိုပါ Kazu 1 အပျော်စီးသင်္ဘော သည်ရှားပါးသည့် ရေသတ္တဝါများနှင့် ထူးခြားသည့် ကမ်းခြေအလှများရှိ ရာ Shiretoko ကျွန်းစုအနီး နစ်မြုပ် သွားခြင်းဖြစ်ပြီး ဂျပန်အာဏာပိုင် များကသင်္ဘောခုနစ်စီး၊ လေယာဉ် သုံးစီးအပါအဝင် မော်တော်ဘုတ်များ၊ ရဟတ်ယာဉ်များနှင့် ခရီးသည်များကို ရှာဖွေခဲ့သည်။ 


လက်ရှိတွင် သင်္ဘောနစ်မြုပ်သွား သည့်အကြောင်းအရင်းကို မသိရသေး ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။                      

(ref: BBC)






အခြားဆက်စပ်သတင်းများ