နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အတ္တလန္တိတ်အလယ်ပိုင်းနှင့် ပစိဖိတ် အနောက်မြောက်ပိုင်းတွင် ကိုဗစ်-၁၉ ကူးစက်နှုန်းများ မြင့်တက်

   ဝါရှင်တန်၊  ဧပြီ ၂၆


အိုမီခရွန် မျိုးကွဲပျံ့နှံ့မှုကြောင့် အမေရိကန်၏ နေရာအများစုတွင် ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်တက် လာပြီး အတ္တလန္တိတ်အလယ်ပိုင်းနှင့် ပစိဖိတ် အနောက်မြောက်ပိုင်းတို့တွင် အဓိက မြင့်တက်နေသည်။


ကူးစက်မှုအသစ်များ၏ ၇၅ ရာခိုင်နှုန်းမှာ အိုမီခရွန်မျိုးကွဲမှထပ် မံမျိုးကွဲလာသော BA.2 ကြောင့်ဖြစ် ကာကူးစက်မှု  အသစ်များ၏ ၂၀ ရာခိုင်နှုန်းမှာ အိုမီခရွန်မျိုးကွဲနှင့် ဆက် စပ်နေသော မျိုးကွဲသစ် BA.2.12.1 ကြောင့်ဖြစ်သည်။


ကူးစက်မှုအသစ်များသည် ပြီးခဲ့ သောနှစ်ပတ်နှင့် ယှဉ်လျှင်  ၃၅ ရာခိုင်နှုန်း မြင့်တက်လာပြီး ယင်းဒေသများတွင် တစ်နေ့တာ ကူးစက်မှုနှုန်းမှာ ပျမ်းမျှ အားဖြင့် လူဦးရေ ၃၉,၀၀၀ ဦးရှိ လာကာ ဗားမောင့်ပြည်နယ်တွင် ကူးစက်မှု အမြင့်ဆုံးရှိနေသည်။


သေဆုံးနှုန်းများမှာမူ ပြီးခဲ့သော နှစ်ပတ်ခန့်နှင့် ယှဉ်လျှင် ၃၂ ရာခိုင်နှုန်း လျော့ကျလာပြီး တစ်နေ့လျှင် သေဆုံးသူ ၄၀၀ ဝန်းကျင် ရှိနေသည်ဆိုသော်လည်း အစီရင်မခံသော ကူးစက်မှုများရှိနေ ကြောင်း သိရသည်။ လက်ရှိတွင် တာဝန် ရှိသူများသည် ရေဆိုးရေညစ်များကို လေ့လာခြင်း၊ ဆေးရုံတက်နှုန်းနှင့် သေဆုံးခြင်းတို့ကို အဓိကမူတည်ပြီး အစီအစဉ်များ ရေးဆွဲလျက်ရှိသည်။  

(ref: BBC)






အခြားဆက်စပ်သတင်းများ