နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ဂျီးရီးယား ရေနံချက်စက်ရုံဖေါက်ခွဲမှု သံသယရှိသူများကို လိုက်လံရှာဖွေ

   အဘူဂျာ၊  ဧပြီ ၂၆


နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင် ပိုင်းရေနံချက်စက်ရုံ ပေါက်ကွဲမှုတွင် သေဆုံးသူအရေအတွက် ၁၀၀ ကျော် တွေ့ရှိထားပြီး   အာဏာပိုင်များက  အလောင်းများကို ဆက်လက်ရှာဖွေ နေကာ ထိုပေါက်ကွဲမှုတွင်ပါ၀င်ပတ် သက်နေသည်ဟု သံသယရှိသူ နှစ်ဦးကို အပြင်းအထန် လိုက်လံရှာဖွေနေသည်။


အင်မိုပြည်နယ် အိုဟာဂျီအက်ဘီ မာဒေသ အစိုးရဒေသတွင်ပြီးခဲ့သည့် ရက်ပိုင်းကဖြစ်ပွားသော ပေါက်ကွဲမှု သည်လူပေါင်းရာကျော် အလုပ်လုပ် နေသည့် လောင်စာဆီသိုလှောင်သော နေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


ဒါဇင်ပေါင်းများစွာသော အလုပ် သမားများသည် ပေါက်ကွဲမှုဖြစ်ပွား သောနေရာတွင်ရှိနေပြီး မီးလောင် ကျွမ်းမှုမှ လွတ်မြောက်ရန်သစ်တော အတွင်းသို့ ထွက်ပြေးခဲ့ကြသည်။ 


သေဆုံးသူအများစုသည် မီးများ စွဲလောင် ပြီးချုံပုတ်များဆီသို့ထွက် ပြေးကြရာမှတစ်ဆင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း ထိုဒေသမှ အရာရှိဂွတ်လပ် အိုဖီယာက ပြောသည်။ 


ယခုအချိန်အထိ မည်သူ့ကိုမျှဖမ်း ဆီးမိခြင်း မရှိသေးကြောင်းနှင့်လူနှစ် ဦးကိုသံသယဖြင့် လိုက်လံရှာဖွေနေ ကြောင်းအာဏာပိုင်များ ပြောသော် လည်းထိုသူများ၏ အမည်များကို ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း သိရသည်။                             (ref: AP)






အခြားဆက်စပ်သတင်းများ