နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့သင်္ဘော တည်ဆောက်ရေးစျေးကွက် တရုတ် ဦးဆောင်နေ

   ပေကျင်း၊  ဧပြီ ၂၆


၂၀၂၂ ခုနှစ်ပထမ သုံးလအတွင်း  တရုတ်နိုင်ငံသည် ကမ္ဘာ့သင်္ဘောစျေး ကွက်ကို လွမ်းမိုးထားနိုင်သော နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ပြီး နိုင်ငံတကာ သင်္ဘော စျေးကွက် ထက်ဝက်ခန့်ကို ရယူထား နိုင်ခဲ့ကြောင်း စက်မှုနှင့် အချက်အလက် နည်းပညာဝန်ကြီး ဌာနက ထုတ်ပြန် သည်။


တရုတ်နိုင်ငံ၏ သင်္ဘောဆောက် လုပ်မှုသည် ၂၀၂၂ ပထမ သုံးလတွင် တန်ချိန်ပေါင်း ၉ ဒသမ ၆၁ သန်းအထိ သင်္ဘောတည် ဆောက်ခဲ့သည့်အတွက် ကမ္ဘာ့သင်္ဘော တည်ဆောက်မှု၏ စုစု ပေါင်း ၄၆ ဒသမ ၂ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုထားခြင်းဖြစ်ပြီး ယခင်နှစ် ထက် တိုးတက်မှု ၂ ဒသမ ၈ ရာခိုင် နှုန်းရှိခဲ့ကြောင်း ဝန်ကြီးဌာန၏ထုတ် ပြန်ထားသော အချက်အလက်တွင် ဖော်ပြထားသည်။


အသစ်မှာထားသော သင်္ဘောများ နှင့်အတူ သင်္ဘောဆောက်လုပ်ရေး အညွှန်းကိန်းသည် တန်ချိန်ပေါင်း ၉ ဒသမ ၉၃ သန်း တွင်ရှိပြီး နိုင်ငံတကာ သင်္ဘောရှယ်ယာသည်လည်း ၁ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာကာ နှစ်စဉ်တိုး တက်မှု ၄၈ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။


တရုတ်နိုင်ငံ၏ သင်္ဘောဆောက် လုပ်ရေး တန်ချိန်ပေါင်းမှာ မတ်လကုန် အထိ ၉၉ ဒသမ ၁ သန်းရှိခဲ့ပြီး နိုင်ငံ တကာစျေးကွက်၏ ၄၇ ဒသမ ၃ ရာခိုင်နှုန်းကို ကိုယ်စားပြုထားကာ ယခင်နှစ်ထက် ၂ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာသည်။      (Ref: Reuters)






အခြားဆက်စပ်သတင်းများ