နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန်သမ္မတ ဂျိုးဘိုင်ဒန် အစ္စရေးလ် သွားမည်

   ဂျေရုစလင်၊  ဧပြီ ၂၆


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် သည် အစ္စရေးလ်ဝန်ကြီးချုပ် Naftali Bennett နှင့်တယ်လီဖုန်း   ဆက်သွယ် ကာ ကာကွယ်ရေးနှင့်   လုံခြုံရေးဆိုင်ရာ ပြဿနာများကို ဆွေးနွေးခဲ့ပြီး လာမည့် လအတွင်း အစ္စရေးလ်သို့ လာရောက် လည်ပတ်ရန် အစ္စရေးလ် ဝန်ကြီးချုပ် ၏ဖိတ်ကြားချက်ကို လက်ခံလိုက် ကြောင်း သိရသည်။


ခေါင်းဆောင် နှစ်ဦးသည် အီရန်နှင့် ယင်းအဖွဲ့များ၏ ခြိမ်းခြောက်မှု အပါ အဝင် ဒေသတွင်းနှင့်ကမ္ဘာတလွှား လုံခြုံ ရေးဆိုင်ရာ စိန်ခေါ်မှုများကို ဆွေးနွေး ခဲ့ကြကြောင်း သမ္မတအိမ်ဖြူတော်က ထုတ်ပြန်သည်။ 


အစ္စရေးလ်နှင့် ပါလက်စတိုင်းကြား ရှိ တင်းမာမှုများ လျော့ပါးစေရန်နှင့် Ramadan ဥပုသ်လ ငြိမ်းချမ်းစွာ ပြီးဆုံး စေရန် အစ္စ ရေးလ်-ပါလက်စတိုင်း နှစ် ဖက်တာဝန်ရှိသူများ၏ ကြိုးပမ်းနေမှု များကိုလည်း သမ္မတဘိုင်ဒန်က အသိ အမှတ်ပြုကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထား သည်။ 


အမေရိကန် ခေါင်းဆောင်ဟောင်း များ လုပ်ဆောင်ခဲ့သည့်အတိုင်း သမ္မတ ဘိုင်ဒန်ကလည်း အစ္စရေးလ်နှင့် အစ္စ ရေးလ် ကာကွယ်ရေးဆိုင်ရာ လိုအပ် ချက်များနှင့် ပတ်သက်ပြီး အခိုင်အမာ ထောက်ခံပံ့ပိုးမည်ဖြစ်ကြောင်း ကတိ ပြုခဲ့သည်။ 


ကတိပြုချက်များတွင် အစ္စရေးလ် ၏ဒုံးခွင်းဒုံး Iron Dome လေကြောင်း ကာကွယ်ရေး စနစ်အတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ထပ်မံဖြည့်ဆည်း ပေးရေးလည်း ပါဝင်ကြောင်း သိရသည်။

(ref: AFP)






အခြားဆက်စပ်သတင်းများ