နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော့ကရိတ်မြို့၌ ရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကော့ကရိတ် ဧပြီ ၂၅


ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်  မြို့နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကော့ကရိတ်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပ ပြုလုပ်သည်။   


ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌ ဦးကျော်ကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ခင် လေးနွယ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကပြော ကြားပြီးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစောထူးကပေါ်က  ကြက်           ခြေနီလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


အဆိုပါ သင်တန်းတွင် သင်တန်းသူ(၂၃)ဦးအား ဧပြီ ၂၅ရက် မှ ၂၇ရက်အထိ ၃ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။

စောအောင်မျိုးလွင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ