နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး

မြန်မာနိုင်ငံခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက် ရာတွင် ပြည်တွင်းအရင်းအနှီးများ သယံဇာတများ၊ စွမ်းအင်များ၊ အရင်းအမြစ်များသာမက အတတ်ပညာရှင်၊ အသိပညာရှင်များ နှင့် အခြေခံကျသည့် ကျွမ်းကျင်လုပ်သား၊ အရင်းအမြစ်များ အထူးပင်လိုအပ်သည်။


အရွယ်ရောက်သူတိုင်းကောင်းမွန်သည့် လုပ်ငန်းခွင်သို့အလုပ် အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးရန်လိုအပ်သည်။ အလုပ် အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးခြင်းဖြင့် ပြည်သူလူထု ၏ လူနေမှုအဆင့်အတန်းမြှင့်တင်ပေးနိုင်မည်ဖြစ်သည်။


လူနေမှုအဆင့်အတန်းမြင့်မားလာသည်နှင့် ဆင်းရဲမှုလျှော့ ချရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုမည်ဖြစ်ပေသည်။ အာဆီယံလုပ်သားဈေးကွက်တွင် လူငယ်လူရွယ်များကို နည်း ပညာနှင့် အသက်မွေးဝမ်းကျောင်းပညာမြှင့်တင်နိုင်မှသာ ကျွမ်း ကျင်လုပ်သားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ် မည် ဖြစ်ပေသည်။


နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများအား ပြည်တွင်း၊ ပြည်ပ၌ အလုပ်အကိုင်များတိုးတက်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ သက်ဆိုင်ရာဌာနများက အလုပ်အကိုင် အခွင့်အလမ်း၊ အလုပ်သမားဈေးကွက်ဖွံ့ဖြိုးတိုးတက်လာရေးနှင့်  အလုပ်သမားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်လာရေး အတွက်  အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာသင်တန်းများကို ပုဂ္ဂလိကနှင့်ဌာနဆိုင်ရာများကပါ ပိုမိုပါဝင်ဆောင်ရွက်လျက်ရှိ သည်။


နိုင်ငံတစ်နိုင်ငံတွင် အဓိကလိုအပ်ချက်မှာ လူသားအရင်း အမြစ် အတတ်ပညာ၊ ဓနအင်အား၊ သဘာဝသယံဇာတတို့ဖြစ် သည်။ မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ် ပညာများကို လေ့လာသင်ယူလိုက်နာပြီး ကြိုးစားအားထုတ်ကာ အလုပ်လုပ်ကြရမည်ဖြစ်သည်။


နိုင်ငံတိုင်းသည် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဘက်ဘက် မှအစွမ်းကုန်ကြိုးစားအားထုတ်ပြိုင်ဆိုင်မှုများနှင့်အတူ နည်း ပညာရပ်များသည်လည်း အရှိန်အဟုန်နှင့်အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာပြီးတစ်နိုင်ငံနှင့်တစ်နိုင်ငံယှဉ်ပြိုင်မှုများ ရှိလာပြီ ဖြစ်သည်။


ယနေ့လူငယ်လူရွယ်များသည် သာမန်တတ်မြောက်သည် နှင့် ရောင့်ရဲတင်းတိမ်မနေဘဲ အစဉ်ကြိုးပမ်းအားထုတ်ရမည်ဖြစ် သည်။ အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူသားစွမ်းရည်ပြည့်ဝသည့် လူမျိုးဖြစ်စေရန် ကြိုးပမ်းအား ထုတ် စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ