နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရင်သားကင်ဆာဝေဒနာ ခံစားရသူများ လျော့နည်းစေရေး

ရင်သားကင်ဆာသည် အသက် ၄၀ မှ ၄၉ နှစ်အရွယ် အမျိုးသမီးများတွင် ရောဂါဖြစ်ပွားနှုန်း မြင့်တက်လာကြောင်း အရွယ်ရောက်ပြီးသူ အမျိုးသမီးတိုင်း အသက် ၅၀ အရွယ်အထိ နှစ်နှစ်တစ်ခါ ရင်သားကင်ဆာ စစ်ဆေးမှုပြုလုပ်သင့်ကြောင်း      နှင့် အသက် ၅၀ နှစ်မှ ၇၅ နှစ်အတွင်း နှစ်နှစ်တစ်ခါ၊ သုံးနှစ်တစ်ခါ စစ်ဆေးသင့်ကြောင်း သုတေသနပညာရှင်များက အသိပေးထား ကြောင်း သိရသည်။


ကင်ဆာရောဂါသည် ပြည်သူ့ကျန်းမာရေးတစ်ရပ် ဖြစ်လာပြီး ကင်ဆာရောဂါကြောင့် လူတစ်ဦးချင်း သာမက ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုဆုံးရှုံးမှုများ ဖြစ်ပေါ်စေလျက်ရှိသည်။ နှစ်စဉ် အာဆီယံနိုင်ငံများအတွင်း လူပေါင်း ခုနစ်သိန်းခန့် ရောဂါဝေဒနာ များ ခံစားလျက်ရှိပြီး ရောဂါဖြစ်ပွားမှုများလည်း တိုးတက်လျက် ရှိကြောင်း၊ ရင်သားကင်ဆာရောဂါသည် အမျိုးသမီးထုအတွင်း သေဆုံးမှုအများဆုံးဖြစ်ကာ ကင်ဆာဝေဒနရှင် အမျိုးသမီးများ၏ ၂၂ ရာခိုင်နှုန်းသည် ရင်သားရောဂါခံစားနေရသူများဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ချက်အရ သိရသည်။


ရောဂါရှာဖွေခြင်းနည်းလမ်းမျိုးစုံရှိသည့်အနက် ရင်သား ကင်ဆာရောဂါရှာဖွေခြင်း ပုံရိပ်ဖော်စက်နည်းပညာဖြင့် ပြည်သူ လူထုအခြေပြု ဆောင်ရွက်ခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း၊ ရင်သားကင်ဆာကို စောစီးစွာကုသနိုင်ခြင်းဖြင့် နှီးနွှယ်ဖြစ်ပေါ်စေနိုင်သော သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားစေမှုကို အောင်မြင်စွာကုသနိုင်မည် ဖြစ်ကြောင်း သိရသည်။


ရင်သားကင်ဆာတိုက်ဖျက်ရေးစီမံချက်တွင် လူမှုရေး အသင်းအဖွဲ့များ၊  ဗဟိုအမျိုးသမီးဆေးရုံကြီးမှ   အထူးကု ဆရာဝန်ကြီးများ၊  ဌာနဆိုင်ရာများနှင့်  ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) တို့က သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထွက်ပေါ်လာသော လေ့လာတွေ့ရှိ ချက်များမှာ ရင်သားကင်ဆာရောဂါ ရှာဖွေကုသရေးလုပ်ငန်း များကို များစွာအထောက်အကူပြုမည်ဖြစ်ရာ ရင်သားကင်ဆာ ဖြစ်ပွားနှုန်းကျဆင်းရေးကို အထောက်အပံ့ဖြစ်စေမည် ဖြစ်သည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးက ရင်သားဓာတ်မှန်နှင့် ဆရာဝန်၏ ပုံမှန်စစ်ဆေးခြင်းအနေအထား မရရှိနိုင်သော အနေအထားဖြစ်ပါက မိမိဘာသာ ရင်သားစစ်ဆေး စမ်းသပ် စစ်ဆေးခြင်းသည် စောစီးစွာသိရှိပြီး  ကင်ဆာရောဂါကို ပိုမို ထိရောက်စွာ ကာကွယ်ကုသနိုင်သည်။ ရင်သားအကျိတ်တိုင်း သည် ကင်ဆာမဟုတ်သော်လည်း  အကျိတ်တွေ့ရှိပါက သတိထားရမည်ဖြစ်သည်။  ပြောင်းလဲမှုတစ်စုံတစ်ရာရှိပါက ဆရာဝန်၊ ဆရာမများထံပြသမှု ကုသမှုကို ခံယူစေချင်ကြောင်း တိုက်တွန်းရပေသည်။






အခြားဆက်စပ်သတင်းများ