နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စနစ်တကျ အမှိုက်စွန့်ပစ်စေချင်

ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေခြင်းဖြင့် စိတ်ရော၊ ကိုယ်ပါ ကြည်လင်လန်းဆန်းကာ နေကောင်းထိုင်သာရှိသည်သာမက ကျန်းမာရေးကိုပါ အထောက်အကူပြုစေသည့်အသိကို လူတိုင်း ဂရုပြုကြမှာ အမှန်ပင်ဖြစ်သည်။


သို့ဖြစ်ရာ စိတ်ကြည်လင်လန်းဆန်းစွာ နေထိုင်ရသော ပတ်ဝန်းကျင်ကိုရရှိရန် အမှိုက်ကိုစနစ်တကျ စွန့်ပစ်သည့် အလေ့အကျင့်ကို ရှင်သန်ဖွံ့ဖြိုးအောင် ကြိုးပမ်းကြရမည် ဖြစ်သည်။


မိမိပတ်ဝန်းကျင်တွင် အမှိုက်သရိုက်ကင်းစင် သန့်ရှင်းမှုရှိခြင်း နှင့် အမှိုက်သရိုက်များ ပြည့်နှက်ရှုပ်ထွေးနေခြင်းဟူသည့် အနေအထားနှစ်မျိုး၏ ခံစားမှုချင်း အလွန်ကွဲပြားခြားနားသည် ဆိုသည်ကို လူတိုင်း သိရှိကြမည်ဖြစ်သည်။


မီးဖိုဆောင်ထွက် အမှိုက်သရိုက်များကို သတ်မှတ်အမှိုက်ကန်၊ အမှိုက်ပုံရန်နေရာတွင် သတ်မှတ်အချိန်အတွင်း၌သာ စွန့်ပစ်ရန် လိုအပ်သည်။ လမ်းသွား၊ လမ်းလာများ၊ ခရီးသည်များသည် အမှိုက်များကို အလွယ်တကူမစွန့်ပစ်ဘဲ လမ်းရှိ အမှိုက်ပုံးနေရာ လည်းရောက်မှ စွန့်ပစ်ရပေမည်။


လမ်းသွားလမ်းလာများအတွက် ချထားသောအမှိုက်ပုံး များ၌သာ ညစ်ညမ်းမှုဖြစ်စေသော အမှိုက်များ  စွန့်ပစ်ခြင်း၊ ကွမ်းတံထွေးများ ထွေးခြင်း၊ နှပ်ညှစ်ခြင်း၊ သလိပ်တံတွေး၊ အန်ဖတ်အရည်များ စွန့်ပစ်ခြင်းတို့ ဆောင်ရွက်ကြရမည်ဖြစ်သည်။


အများသုံးစင်္ကြံ၊ လူသွားလမ်းများတွင် အမှိုက်နှင့် စက်ဆုပ် ဖွယ်ရာများ ချမထားရန်နှင့် သတ်မှတ်စွန့်ပစ်နေရာမှအပ နောက်ဖေးလမ်းကြား၊ မြေလွတ်၊ မြေလပ်နှင့် ရေမြောင်းများတွင် စွန့်ပစ်ခြင်းမပြုရန် ဆင်ခြင်ကြရမည်ဖြစ်သည်။


စက်ရုံ၊ အလုပ်ရုံ၊ စီးပွားရေးလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းနှင့် စွန့်ပစ်ရည်များကို ရေတွင်း၊ ရေကန်၊ အဝီစိတွင်း၊ ရေမြောင်းနှင့် မြစ်ချောင်းများအတွင်း စွန့်ပစ်ခြင်းမပြုရန် လိုအပ်သကဲ့သို့ ယာဉ်များပေါ်မှ လမ်းပေါ်သို့ စည်းကမ်းမဲ့အမှိုက်များ စွန့်မပစ်ရန် လည်း ထိန်းသိမ်းရမည်။


အမှိုက်နှင့် ပတ်သက်၍ အခါအားလျော်စွာ သတိပေးချက် များကိုလည်း မြို့ပြနေပြည်သူများ လေးစားလိုက်နာ ဆင်ခြင်သင့် ပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ