နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid-19 ကြောင့် မြန်မာနိုင်ငံစီးပွားရေးဆိုးဆိုးဝါးဝါး မဖြစ်နိုင်(မဖြစ်နိုင်)ကြောင်း ကမ္ဘာ့ဘဏ်ပြောကြား

ရန်ကုန် ဧပြီ ၄ Covid-19 ကြောင့် ၂၀၁၉/၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအပေါ်တွင် ပြင်းထန်သော သက်ရောက်မှုများရှိလာနိုင်သော်လည်း ကပ်ရောဂါမတိုင်ခင်က စီးပွားရေးနှုန်းကောင်းမွန်ခဲ့သည့် အတွက် အဆိုးရွားဆုံးအခြေအနေအထိ မရောက်ရှိနိုင်ကြောင်း ကမ္ဘာဘဏ်ကခန့်မှန်းချက် ထုတ်ပြန်သည်။ ကျန်းမာရေး ကဏ္ဍဆိုင်ရာမူဝါဒများနှင့် စီးပွားရေးဆိုင်ရာမူဝါဒများကို အချိုးညီစွာ သတ်မှတ်နိုင်ပါက မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေ သွက်လက်လာနိုင်မည်ဖြစ်သော်လည်း ပြည်တွင်းတွင် ဗိုင်းရပ်စ်ကူးစက် ပျံ့ပွားမှုအခြေအနေသည် ဆိုးရွားလာမည်ဆိုပါက စီးပွားရေးကျပ်တည်းမှုသည်လည်း ပိုမိုဆိုးရွားလာနိုင်ပြီး ကုစားရန်အချိန်လည်း ယူရမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ကျန်းမာရေးအတွက် အလိုအပ်ဆုံးဖြစ်နေသော အခြေအနေနှင့် ကဏ္ဍများတွင် အရင်းအမြစ်များကို စောစောစီးစီးဖြည့်ဆည်းပေးခြင်းနှင့် လုပ်ငန်းများလည်ပတ်နိုင်စေရန် ချေးငွေများအားလွယ်ကူစွာနှင့် လက်လှမ်းမီစေရန် ဆောင်ရွက်ပေးသင့်ပြီး အိမ်ထောင်စုဝင်ငွေဆုံးရှုံးမှုများကို ယာယီကုစားပေးသည့် နည်းလမ်းများကိုလည်း ဦးစွာဆောင်ရွက်သင့်ကြောင်း ဒေသတွင်းစီးပွားရေး အစီရင်ခံစာတွင်ဖော်ပြထားသည်။ ထို့အပြင် လက်ရှိအသွားအလာကန့်သတ်ထားသည့်အချိန်များ ကျော်လွန်သွားပြီး လှုပ်ရှားသွားလာနိုင်သည့်အချိန်တွင် သက်ဆိုင်သူများနှင့်တွေ့ဆုံပြီး အရေးကြီးသည့် ဖွံ့ဖြိုးရေးလုပ်ငန်း အစီအစဉ်များကို ဆောင်ရွက်နိုင်ရန် မျှော်မှန်းထားကြောင်း ကမ္ဘာ့ဘဏ်ကဆက်လက်ထုတ်ပြန်ထားသည်။ မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ