နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယဉ်ကျေးလိမ္မာ

နိုင်ငံ၏ အနာဂတ်ကိုပိုင်ဆိုင်ထားကြသူများသည် ယနေ့ လူငယ်လူရွယ်များ ဖြစ်သည်။ တစ်ချိန်က လူငယ်များသည် မိမိတို့ ၏ စွမ်းဆောင်ရည်ရှိသလောက်၊ ထူးချွန်ထက်မြက်မှု ကြီးမား သလောက် မျက်မှောက်ကာလကို ပုံဖော်ထုဆစ်နိုင်ကြသည်။


ယ‌နေ့လူငယ်များသည် အနာဂတ်ကိုပုံဖော်ထုဆစ်ကြမည့် သူများ ဖြစ်သည်။ မိမိတို့တွင် အရည်အချင်းရှိမှ၊ ထူးချွန်ထက်မြက် မှ ကိုယ်ကျင့်တရားကောင်းမှ မိမိတို့၏ အနာဂတ်မှာ သာယာလှပ ပေမည်။ တိုးတက်မြင့်မားမည် ဖြစ်သည်။


ယနေ့လူငယ်လူရွယ်များသည် စာတော်ကြပါသည်။ ထူးချွန် ထက်မြက်ကြသည်။ သို့သော် စာရိတ္တနှင့် ယဉ်ကျေးမှုပိုင်းဆိုင်ရာ တို့တွင် အချို့မှာ များစွာယိုယွင်းလာသည်ဟု ထင်မြင်ယူဆမိ ပါသည်။ ဘုရားကျောင်းကန်များနှင့် ဝေးလာကြသည်။ လူကြီးသူမများ  အဆုံးအမများနှင့်  စိမ်းလာကြသည်။ အနောက်တိုင်းယဉ်ကျေးမှုကို မက်မောပြီး  မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ခုံမင်မှုမရှိတော့ပါ။ ကိုယ်ပိုင်ယဉ်ကျေးမှုအပေါ် တန်ဖိုးထားမှုလျော့နည်းလာလျှင် အမျိုးသားရေးစိတ်ဓာတ်ချည့်နဲ့ အားနည်းသွားမည်ဖြစ်သည်။


ယနေ့အခြေအနေတွင် နွေရာသီကျောင်းပိတ်ရက်ရှည်ကာလ များတွင် နိုင်ငံတကာသုံး ဘာသာစကား အင်္ဂလိပ်စာအခြေခံ သင်တန်း၊ ကွန်ပျူတာကျွမ်းကျင်စေရန်နှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမ ဩဝါဒများ၊ တရားဒေသနာတော်များ၊ ဗုဒ္ဓရာဇဝင်တော်များအား  သိရှိနားလည်ကာ၊ ဘာသာတရား အဆုံးအမများနှင့် ထုံမွမ်း ပြည့်ဝပြီး ယဉ်ကျေးလိမ္မာသည့် သားငယ်၊ သမီးငယ်များ ဖြစ်စေ ရန်ရည်ရွယ်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်၊ ဌာနချုပ်၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများကို ယဉ်ကျေးလိမ္မာသင်တန်းနှင့် အင်္ဂလိပ်စကားပြောသင်တန်း၊ ကွန်ပျူတာသင်တန်းများကို ဧပြီ ၂၀ ရက်က ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။


မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်းများက နွေရာသီ ကျောင်းပိတ်ရက်များနှင့် အခြေအနေအချိန်အခါပေါ်မူတည်၍ ယဉ်ကျေးလိမ္မာသင်တန်းများ မြန်မာနိုင်ငံအနှံ့အပြားတွင် ဖွင့်လှစ်ပေးခဲ့သည်။  ယဉ်ကျေးလိမ္မာသင်တန်းများတွင် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများ  မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးသော မွန်မြတ်သည့်လုပ်ငန်းကြီး လည်း ဖြစ်သည်။


အနာဂတ်ကိုပိုင်ဆိုင်ထားကြသည့် လူငယ်၊ မောင်မယ်များ အနေဖြင့် မိမိကိုယ်ကို လေ့ကျင့်ဖြည့်ဆည်းပေးခြင်းဖြင့်တော်ရုံ၊ တတ်ရုံသာမက ကိုယ်ကျင့်တရားကောင်းမွန်ပြီး ယဉ်ကျေး လိမ္မာသည့်  သားကောင်းရတနာများဖြစ်အောင် ကြိုးပမ်း အားထုတ်စေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ