နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစိမ်းရောင်စီးပွားရေး ကျင့်သုံးလိုက်နာ

ရန်ကုန်   ဇွန်   ၆ 

ရေအရင်းအမြစ်များဖြစ်သည့် သဘာဝရေထွက်မှာ တော၊ တောင်၊ စိမ့်၊ စမ်းများမှစ၍ မြစ်၊‌ ချောင်း၊ အင်းအိုင်၊ ရေတိမ်ဒေသတို့၏ ရေဝေ၊ ရေလဲဧရိယာများနှင့် ရေဦးရေဖျားဒေသများရှိ သစ်တောဖုံးလွှမ်းမှုကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်သည်။

ရေသည် သစ်တောများဖုံးလွှမ်းသည့် တောတောင်များမှသည် ပင်လယ်သမုဒ္ဒရာအထိ စီးဆင်းနေသဖြင့် ရေဝေရေလဲဒေသသည် အလွန်ကျယ်ပြန့်သည်။ သစ်တောဖုံးလွှမ်းမှုကောင်းမွန်သောနေရာများ၌ မြေတိုက်စား မှုအနည်းငယ်သာရှိနိုင်သော်လည်း၊ သစ်တောပြုန်းတီးသည့်မြေနေရာများတွင် မြေတိုက်စားမှုပြဿနာ ဆိုးရွားစွာကြုံတွေ့နေကြရသည်။

သစ်တောများပြုန်းတီးခြင်းများ၊ စိုက်ပျိုးရေးနှင့်စက်မှုလုပ်ငန်းများတိုးတက်လာခြင်း၊ မြို့ပြများချဲ့ထွင် လာခြင်း၊ သဘာဝအရင်းအမြစ်များကို အထိန်း၊ အချုပ်အကန့်အသတ်မဲ့ထုတ်ယူသုံးစွဲခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့အကြီးအကျယ်ထိခိုက်စေလျက်ရှိသည်။

တိုးတက်များပြားလာသည့် လူသားတို့အတွက် လူသားဘဝလုံခြုံရေးသည် သဘာဝနှင့်လိုက်လျောညီထွေ ရှိသည့်အစိမ်းရောင်စိုက်ပျိုးထုတ်လုပ်မှု၊ အစိမ်းရောင်စီးပွားရေး၊ အစိမ်းရောင်စွမ်းအင်နှင့် အစိမ်းရောင်နေထိုင် မှုပုံစံတို့ဖြင့် လူသားတို့၏နေထိုင်မှုပုံစံသစ်များသို့ ပြောင်းလဲကြရန်လိုအပ်သည်။

ယင်းကြောင့် သက်ဆိုင်ရာဌာနများက ရေ၊ မြေနှင့်သစ်တောသယံဇာတများအား ရေရှည်တည်တံ့အောင် အလေးထားစီမံဆောင်ရွက်လျက်ရှိသည်။ သဘာဝတရားအပေါ် အလွန်အမင်းမှီခိုခြင်း၊ အလွန်အကျွံထုတ်ယူ သုံးစွဲခြင်းကြောင့် သဘာဝအခြေအနေများ ပျက်စီးဆုံးရှုံးမှုများနှင့်အတူ စိန်ခေါ်မှုအကျပ်အတည်းများနှင့် မလွဲမသွေရင်ဆိုင်လာကြရသည်။
အစိမ်းရောင်စီးပွားရေးသည် ရာသီဥတုတည်ငြိမ်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ စွမ်းအင်နှင့်သယံဇာတ များထိရောက်စွာအသုံးချနိုင်ရေးနှင့် ဇီဝမျိုးကွဲများနှင့် ဂေဟစနစ်ဝန်ဆောင်မှုဆုံးရှုံးခြင်းများအား တားဆီး ကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကိုရရှိစေမည့် အစိမ်းရောင်စီးပွားရေးကို ချမှတ်ကျင့်သုံး လျက်ရှိရာ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းဖြစ်စဉ်များကြောင့် ကမ္ဘာ့အပူချိန်နှစ်စဉ်မြင့်တက်ခြင်းနှင့် အတူ မိုးခေါင်ခြင်း၊ မြေအောက်ရေများခန်းခြောက်ခြင်း၊ မြစ်ချောင်း၊ အင်းအိုင်များတိမ်ကောပျောက်ကွယ် လာခြင်း၊ မြေဆီလွှာခန်းခြောက်လာခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်လာခြင်းစသည်တို့ဖြစ်ပေါ်ကာ အခြား သူများထက် အောက်ခြေလူတန်းစားများက ပိုမိုခံစားရလျက်ရှိကြောင်း၊ ဆင်းရဲမွဲတေမှုသည် ပတ်ဝန်းကျင် ပျက်စီးရာပျက်စီးကြောင်း၏အကြောင်းတစ်ခုဖြစ်ရာ လူသားအားလုံးပတ်ဝန်းကျင်ဆိုင်ရာ သဘာဝဘေး        အန္တရာယ်များမှကင်းဝေးအောင်ဆောင်ရွက်ခြင်းသည် အဓိကဟုဆိုချင်ပါကြောင်း ။      ။






အခြားဆက်စပ်သတင်းများ