နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ကူညီဆောင်ရွက်ပေး

မြန်မာနိုင်ငံသည် လယ်ယာကဏ္ဍကိုအခြေခံ၍ ခေတ်မီ နည်းစနစ်များဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသည့် နိုင်ငံဖြစ်သည်နှင့်အညီ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အထူအလေးထားမြှင့်တင်ပေးလျက်ရှိသည်။


မိရိုးဖလာ လက်မှုလယ်ယာစနစ် လုပ်ကွက်ငယ်များကို ခေတ်မီအဆင့်မြင့် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရောက်ရှိ ရေး၊ ရေတိုရေရှည်စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် လျက်ရှိသည်။ တောင်သူလယ်သမားကြီးများ၏ အခြေခံ လိုအပ်ချက်ဖြစ်သော စိုက်ပျိုးစရိတ်များကို ပိုမိုဖြည့်ဆည်းပေးနိုင် ရန် ယခင်ကထက် တိုးမြှင့်ထုတ်ပေးလျက်ရှိသည်။ စိုက်ပျိုး ရေးထုတ်ကုန်များကို ကုန်ကြမ်းအဆင့်မြှင့်တင်ဖို့ ရောင်းချနေ  သည်မှ အဆင့်မြှင့်တန်ဖိုးထုတ်ကုန်များအဖြစ် ထုတ်လုပ်တင်ပို့ ရောင်းချနိုင်ရေး အားပေးဆောင်ရွက်လျက်ရှိသည်။


လူတို့၏စားဝတ်နေရေးတွင် စားရေးသည် မရှိမဖြစ် အဓိက ဖြစ်ရာ ပြည်သူတို့၏စားရေးအတွက် စားနပ်ရိက္ခာဖြည့်ဆည်းပေး နေသော တောင်သူလယ်သမားကြီးတို့၏ လူမှုဘဝလိုအပ်ချက် များကို နိုင်ငံတော်က ဖြည့်ဆည်းပေးလျက်ရှိသည်။ လယ်ယာ ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေရန် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် လယ်ယာသုံးစက်ကိရိယာများ ပြည်ပမှ တင်သွင်းခြင်း ပြည်တွင်း၌ ပြန်လည်ရောင်းချခြင်းကို လွတ်လပ်စွာ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသည်။


ထို့ကြောင့်လည်း   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး            နှင့် တောင်သူလယ်သမားများ ဝင်ငွေတိုးတက်စေရေးအတွက် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အချိန်တိုအတွင်း ထိထိရောက်ရောက် အောင်မြင်စေရန် ကြိုးပမ်းနေသည်ကို အားရဖွယ် မြင်တွေ့ရသည်။


လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ က ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ပြည်ပအဖွဲ့အစည်းများကလည်း အဘက်ဘက်က ဝိုင်းဝန်းကူညီဖြည့်ဆည်းပေးလျက်ရှိရာ တောင်သူဦးကြီးတို့၏ ကြိုးစားအားထုတ်မှု၊ ပြည်သူတို့၏ ပေါင်းစည်းညီညွတ်မှုများနှင့် ဆောင်ရွက်သွားပါက နိုင်ငံအတွင်း စားရေရိက္ခာများ ပြည့်စုံဖူလုံရုံသာမက ပိုလျှံသမျှကို ပို့ကုန်အဖြစ် တင်ပို့ကာ နိုင်ငံဘဏ္ဍာဖြည့်ဆည်းဆောင်ရွက်နိုင်ရေးကိုပါ ဦးတည်ကြိုးပမ်းကြရန် တိုက်တွန်းအပ်ပေသည်။      ။






အခြားဆက်စပ်သတင်းများ