နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်းတွင် လိုင်ချီးသီးများ ရောင်းအားကောင်း

မိုင်းယောင်း  ဇွန် ၆

မိုးစပါးစိုက်ရာသီတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် နမ့်ယောင်းချောင်း အနီး နယ်မြေမှာပေါက်သည့် လိုင်ချီးသီးများ လတ်တလောကာလတွင် ရောင်းအားကောင်းလျက်ရှိကြောင်း ဗလမင်းထင်လမ်းဆုံအနီးမှ လိုင်ချီးသီးရောင်းချသူတစ်ဦးက ပြောသည်။

“ကဆုန်-နယုန်လဆိုရင် လိုင်ချီးသီးတွေပေါ်ပြီ နမ့်ယောင်းချောင်းအနီး ကျေးရွာများကနေ မှာယူပြီး တစ်စည်းလျှင် ၅၀၀ ကျပ်က တစ်မျိုး၊ ၁၀၀၀ ကျပ်က တစ်မျိုး ရောင်းချပါတယ်။ နမ့်ယောင်းချောင်းအနီး နယ်မြေမှာပေါက်တဲ့ လိုင်ချီးသီးက အခြားလိုင်ချီးသီးထက် စားလို့ပိုကောင်းတော့ ဈေးပိုရပါတယ်။ ဝယ်ယူသူကလည်း နမ့်ယောင်းချောင်းအနီး နယ်မြေမှာပေါက်တဲ့ လိုင်ချီးသီးကို ပိုပြီးကြိုက်ကြတော့ ရောင်းအားကောင်းပါတယ်။

လက်လီတင်မကပဲ နယ်ဝေးက လက်ကားမှာယူသူတွေလည်း အမှာများတော့ ရောင်းအားကောင်းပါတယ်”ဟု လိုင်ချီးသီးရောင်းချသူတစ်ဦးက ပြောသည်။
နမ့်ယောင်းချောင်းအနီး နယ်မြေမှာပေါက်တဲ့ လိုင်ချီးသီးသည် မိုင်းယောင်းတွင် ကလေးလူကြီးမရွေး ကြိုက်နှစ်သက်ကြသလို အခွံနွှာပြီးစားသုံးနိုင်သည်။ လယ်ယာလုပ်ငန်းခွင်အလုပ်များမှအပြန် မောမောနှင့် စားလျှင် ပို၍အရသာရှိလှကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ