နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူးယစ်ဆေးဝါးပပျောက်ရေး ဘက်စုံထောင့်စုံမှ ပူးပေါင်းဆောင်ရွက်

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်သူ၊ ရောင်းဝယ်သူ၊ သုံးစွဲသူ၊ ဖြန့်ဖြူးသူ၊ လက်ဝယ်ထားရှိသူတို့ကို ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိသည်။


မြန်မာနိုင်ငံ မူးယစ်ဆေးဝါးပပျောက်ရေးတွင် ထုတ်လုပ်မှု ပပျောက်ရေး သုံးစွဲမှုပပျောက်ရေး၊ တားဆီးနှိမ်နင်းရေး၊ ပြည်သူလူထုနှင့် အခြားအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများတွင် တက်ညီ လက်ညီပါဝင်မှ လျော့နည်းပပျောက်မည်ဖြစ်သည်။


၂၀၂၂ ခုနှစ်၊ ဧပြီ ၉ ရက်က ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့ ဘားအံမြို့၊ အမှတ် ၃ ရပ်ကွက်၊ စွယ်တော်လမ်းနေ ကိုထွဋ် (ခ) ဝင်းသန်းနေအိမ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၄၀၀၊ ယင်းနေ့ ည ၇ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော အဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာရှိ ပူးပေါင်း စစ်ဆေးရေးစခန်းတွင် SKS BUS 4 x 4 (L) အမျိုးအစား ခရီးသည်တင်ယာဉ်ပေါ်ပါ ခရီးသည် အောင်ဇော်ဦးထံမှ စိတ်ကြွ ဆေးပြား ၆၈၀၀၀ ကို လည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၈၄/၅ အနီးတွင် မန္တလေးမှ ရန်ကုန်ဘက်သို့ ဇာနည်ထွန်း မောင်းနှင်သော Prado ယာဉ်နှင့် ရှေ့နောက်လိုက်ပါလာသည့် မိုးဟိန်း မောင်းနှင်ပြီး ငြိမ်းချမ်းသူ (ခ) ကျန်ကျောင်းလိုက်ပါလာသော Prado မော်တော်ယာဉ်တို့ကို သတင်းအရ ရှာဖွေရာ ၎င်းမော်တော်ယာဉ်နှစ်စီးပေါ်မှ ဒေသ ကာလတန်ဖိုးငွေကျပ် ၁၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀ သန်း သိမ်းဆည်းရမိပြီး၊ စစ်ဆေးဖော်ထုတ် ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးတိုင်းဒေသကြီးမှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင် ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ကိုဥပဒေအရ အရေးယူထား ပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။


အနာဂတ်မျိုးဆက်သစ်များ အညွန့်တလူလူဖြင့် ဆက်လက် ထွန်းတောက်စေရန်၊ လမ်းမှားမရောက်ရှိစေရန် ကျွန်ုပ်တို့အားလုံး ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်သည်။ အမျိုးသားရေးကိုယ်ခံ စွမ်းအား၊ အမျိုးသားရေးကာကွယ်တိုက်ဖျက်မှုတို့ကို ပိုမိုမြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်ပေရာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ပပျောက်ရေးတွင် စဉ်ဆက်မပြတ် ဘက်စုံ၊ ထောင့်စုံမှ ပူးပေါင်း ဆောင်ရွက်သွားစေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ