နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မေတ္တာ၊ စေတနာ အလေးထား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနှစ်သစ် အခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထား မှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား/ သူ ၁၅၇၇ ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကို ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍       ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ပေသည်။


ဤနေ့များတွင် အဓိကပျော်နေကြသူများမှာ အကြောင်း အမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသူများမှာ မိသားစုများ၊ ဆွေမျိုးများအပေါင်းအသင်း သူငယ်ချင်းများနှင့် ပြန်လည် ဆုံစည်းခွင့်ရခဲ့၍ အပျော်ဆုံးနေ့ဖြစ်ကြရသည်။ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ ပြန်လည်လွတ်မြောက်လာ၍ ကိုယ်တိုင်ပျော်ရွှင်ခဲ့သလို မိသားစုအပေါင်းတို့လည်း ပျော်ရွှင်ကြ ရသည်။


ဤသို့  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း၏  အဓိက အကြောင်းအရင်းတစ်ရပ်မှာ လူသားချင်းစာနာထောက်ထားခြင်း ပင် ဖြစ်သည်။ လူဆိုသည်မှာ တစ်ခါတစ်ရံ မှားယွင်းတတ်သည့် သဘောရှိသည်။ ပျက်အစဉ် ပြင်ခဏ ဆိုသကဲ့သို့ မိမိဘဝ လမ်းကြောင်း တည့်မတ်သွားနိုင်ရပေမည်။ အထူးသဖြင့် လူသား အချင်းချင်း စာနာထောက်ထားသင့်သည်။ သည်းခံခွင့်လွှတ်တတ် သော စိတ်၊ အများကောင်းစား ကြီးပွားတိုးတက်စေလိုသော စိတ်ဓာတ်များ ထားရှိသင့်ပေသည်။ 


ယခုကဲ့သို့ အကျဉ်းသား၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသားများအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မေတ္တာ၊ စေတနာရှေ့ထား၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ပေးခဲ့သလို အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာသူများအနေဖြင့်လည်း ကျေးဇူး တုံ့ပြန်သောအားဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ပါဝင်စွမ်းဆောင်နိုင်ကြပါစေဟု ဆိုချင် ပါကြောင်း။       ။






အခြားဆက်စပ်သတင်းများ