နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူမှုသတင်းမီဒီယာနှင့် ယဉ်ကျေးမှု

ကျွန်ုပ်တို့နိုင်ငံ၌ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများမှာ ရှေးအဆက်ဆက်ကတည်းက ဝင့်ကြွားထည်ဝါအားကောင်းပြီး ဂုဏ်ယူဖွယ်ကောင်းလှပေသည်။ မြန်မာတို့၏ အစဉ်အလာအရ ဝတ်စား၊ ဆင်ယင်၊ ပြောဆိုကျင့်ကြံမှုအားလုံးသည် မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှုပင်ဖြစ်သည်။


ယနေ့ခေတ်ကြီးကား အပြောင်းအလဲများနှင့် တိုးတက်နေ သော ကမ္ဘာကြီးဖြစ်၏။ ထိုအပြောင်းအလဲ ရေစီးကြောင်းအတွင်း လိုက်ပါကြသူများရှိသကဲ့သို့ မလိုက်သူများလည်း ရှိ၏။ ယနေ့ ခေတ်သည် အိုင်တီနည်းပညာများ တိုးတက်လာသည်နှင့်အမျှ တိုင်းတစ်ပါးယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာခြင်း ကြောင့် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုများ တဖြည်းဖြည်းနစ်နာဆုံးရှုံး လျက်ရှိသည်။


မျက်မှောက်ခေတ်ကြီး လျင်မြန်တိုးတက်လာသည်နှင့်အမျှ ယဉ်ကျေးမှုများလည်း ရောထွေးကုန်ကြပြီး အနောက်ယဉ်ကျေးမှု များ အရှေ့ရောက်လာကြသည်။ မည်သည့်နိုင်ငံမှ မည်သည့် ယဉ်ကျေးမှုပင် မသိနိုင်တော့။ ယင်း၏ အကျိုးဆက်များမှာ အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်၊ အခွင့်အလမ်းနှင့် အန္တရာယ် တို့ပါ ရောနှောပါဝင်ကြပြီး နည်းပညာသစ်များနှင့် အကျွမ်းတဝင် ရှိသူ၊ အသစ်အဆန်းတို့ကို စိတ်ဝင်တစား ရှာဖွေလက်ခံကြသူများ ဖြစ်ကြသည့် လူငယ်များအပေါ်တွင် အများဆုံးသက်ရောက်လျက် ရှိသည်။


တိုင်းတစ်ပါး၏ ဝတ်စားဆင်ယင်မှုများသည် မောင်နှင့် နှမ၊ သားနှင့် အမိ မကြည့်ရဲလောက်သော ဝတ်စားဆင်ယင်မှုများသည် အင်တာနက်စာမျက်နှာပေါ်များတွင် ဆိုးဆိုးရွားရွား ပျံ့နှံ့လျက် ရှိသည်။ အရှက်ကြီးတတ်သည့် အရှေ့တိုင်းရင်းသားတို့မှာ လူမှု ကွန်ရက်နယ်ပယ်တွင် ပွင့်လင်းလာသည့် လူမှုနယ်ပယ်တွင် ထုတ်ဖော်ပြောရန်ခက်ခဲသည့် လိင်မှုကိစ္စတို့ကို လူမှုကွန်ရက် နယ်ပယ်တွင် မိန်းကလေးများ၊ ယောကျ်ားလေးများပါ ယဉ်ပါးစွာ ပြောဆိုလာကြသည်။ ပို၍ ဆိုးရွားစေသည်မှာ ယင်းအင်တာနက် စာမျက်နှာများကို လူငယ်၊ လူရွယ်များ နှစ်ခြိုက်စွာသုံးစွဲနေကြ သည်မှာ အန္တရာယ်များသည့် အလေ့အထဖြစ်လာသည်။ လိင် အသားပေးဝတ္ထုစာအုပ်များကို အွန်လိုင်းမှတစ်ဆင့် ရောင်းချလာ ခဲ့ကြသည်ကို မြင်တွေ့နေရသည်။ အင်တာနက်စာမျက်နှာများပေါ် တွင် အခကြေးငွေ ပေးစရာမလိုအပ်ဘဲ မတော်တရော် ပုံရိပ်များ တင်လာကြသည့် မြန်မာအမျိုးသမီးငယ်တို့အတွက် ရင်လေးဖွယ် ပင်ဖြစ်သည်။


ယနေ့လူငယ်များ ခေတ်မီလိုကြသည်။ ခေတ်လွန်ခြင်း ကား မကောင်းပါ။ မိမိကိုယ်ကိုယ်  တန်ဖိုးထားတတ်မှု၊ စောင့်ရှောက်တတ်မှု၊ ထိန်းသိမ်းတတ်မှု၊  ကြံ့ကြံ့ခိုင်နိုင်မှု ဖြင့် လက်ကိုင်ထား ဆောင်ရွက်စေချင်သည်။  


ကိုယ်ပိုင် ယဉ်ကျေးမှုအပြင်  ရေခြား၊ မြေခြား ယဉ်ကျေးမှုများကို မြန်မာမှုပြုရာတွင် အရိုးကိုအရွက်မဖုံး မြန်မာမှု ပြုစေခြင်းသည် မြန်မာ့ယဉ်ကျေးမှု မြင့်မားတိုးတက်ရေးတွင် အထောက်အပံ့ဖြစ်စေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ