နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တည်ငြိမ်အေးချမ်းရေး ဆက်လက်ဖော်ဆောင်

ပြည်ထောင်စုကြီးထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု နှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အထူးအရေးပါလျက် ရှိသည်။ ပြည်ထောင်စုကြီး ထာဝစဉ်တည်တံ့ခိုင်မြဲနေစေရန် အတွက်ပြည်ထောင်စု စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ဖြင့် နိုင်ငံ တော်ကို ဘက်ပေါင်းစုံမှ ကာကွယ်စောင့်ရှောက်သွားကြရန် လို သည်။


နိုင်ငံတော်ပြိုကွဲပျက်စီးအောင် လုပ်ဆောင်နေသူများနှင့် ပြည်တွင်း၊ ပြည်ပမှ အဖျက်အမှောင့်လုပ်ဆောင်နေသူများ၏ လုပ်ရပ်များကို သိရှိနားလည် သတိထားရန် လိုအပ်သည်။ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက် အဖျက်လုပ်ရပ်များကို နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်း ဖယ်ရှားရန် လိုအပ်ပေသည်။ ကမ္ဘာ့ကပ်ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ဖြစ်ပေါ်လာသည့် မတည်ငြိမ်မှု၊ မလုံခြုံမှု၊ စိုးရိမ်ထိတ်လန့်မှု များ၊ မကောင်းမှု အနိဋ္ဌာရုံများကို လွန်ခဲ့သည့် နှစ်နှစ်ခန့်က ရင်ဆိုင် ကြုံတွေ့ဖြတ်ကျော်လာကြရသည်။


ယနေ့အချိန်အခါသည် တိုင်းရင်းသားပြည်သူအားလုံး၏ဆန္ဒ နှင့်အညီ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည် ထောင်စုကြီး တည်ဆောက်ရေးအတွက် တက်ညီလက်ညီပူးပေါင်း ဆောင်ရွက်ရမည့်အချိန်အခါဖြစ်သည်။ လူသည် ရံဖန်ရံခါအခက် အခဲအကျပ်အတည်းများနှင့် ကြုံတွေ့ရတတ်ပေသည်။ မည်သို့ သောအခက်အခဲအကျပ်အတည်း ရှိစေကာမူ၊ စိတ်ပျက်ခြင်း၊ အားလျှော့ခြင်း၊ ကြောက်ရွံ့နောက်ဆုတ်ခြင်းများဖြင့် ဘဝကို အရှုံးမပေးသင့်ပေ။


မည်သို့သော အခက်အခဲအကျပ်အတည်းကြုံတွေ့စေကာမူ ရည်မှန်းချက်ပန်းတိုင် အရောက်လှမ်းနိုင်ရန် အရေးကြီးပေ သည်။ တက်ညီ၊ လက်ညီစိတ်ထားဖြင့် လုပ်ကိုင်ဆောင်ရွက်ပါမှ အောင်မြင်တိုးတက်နိုင်ပါသည်။ ဦးထမ်း၊ ပဲ့ထမ်း၊ ကိုယ်စီကျ ရာတာဝန်ဖြင့် အားထုတ်ဆောင်ရွက်ပါမှ ရည်မှန်းချက်ပေါက် မြောက်အောင်မြင်နိုင်ပါမည်။


ယနေ့အခြေအနေတွင် ကိုဗစ်-၁၉ ကပ်ရောဂါ အဆိုးရွားဆုံး ရိုက်ခတ်ကြုံတွေ့မှုအခြေအနေ၊ အကြမ်းဖက်ဝါဒီများ ပြည်တွင်း၊ ပြည်ပပူးပေါင်းကြံစည်သည့် အဖျက်လုပ်ရပ်များကိုလည်းကောင်း ကျော်လွှားနိုင်ခဲ့ပြီဖြစ်ရာ ကျွန်ုပ်တို့အနေဖြင့် တက်ညီလက်ညီ ကြိုးစားအားထုတ်ကြမည်ဆိုလျှင် ဒေသလူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေး တည်ငြိမ်အေးချမ်းရေးနှင့်  မိမိတို့မျှော်မှန်းထား သောလုပ်ငန်းစဉ်များ အောင်မြင်ချောမွေ့လာမည်ဟု ဆိုချင်ပါ  ကြောင်း ။ 






အခြားဆက်စပ်သတင်းများ