နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တွံတေးမြို့နယ်တွင် ဆောက်လုပ်မည့် ရေသန့်စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်း နှစ်စဉ်နွေရာသီသို့ ရောက်တိုင်း‌ သောက်သုံးရေရှားပါးမှုနှင့်‌တွေ့ကြုံနေရမြဲဖြစ်သည့် ဒလ မြို့နယ်နှင့်အနီးပတ်ဝန်းကျင်ဒေသများ သောက်သုံးရေအဆင်ပြေစေရန် ရည်ရွယ်၍ တွံတေးမြို့နယ်တွင် ဆောက်လုပ်မည့် ရေသန့်စက်ရုံနှင့် ပတ်သက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို မတ် ၃ ရက် နံနက် ၉ နာရီက ပိတ်ဆွယ်ကျေးရွာအုပ်စု ဘုရားကြီးစုကျေးရွာရှိဦးပြူး ဘုရားတန်ဆောင်းရှိ ဓမ္မသုခတန်ဆောင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပြည်သူများနှင့်တွေ့ဆုံပွဲတွင် ဒလမြို့နယ်မှတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်နှင့်တွံတေးမြို့နယ်မှတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေနိုင်ဦးတို့မှ ရေသန့်စက်ရုံနှင့်ပတ်သက်၍ ပြည်သူများ ခံစားတွေ့ကြုံရမည့်အခြေအနေများကိုလည်းကောင်း၊ တောင်ပိုင်း ခရိုင် ရေသန့်ဌာနမှူးမှ လက်ရှိဆောင်ရွက်နေမှုများကိုလည်း ကောင်း၊ ပတ်ဝန်းကျင်ထိခိုက်မူ လေ့လာဆန်းစစ်ရေးအဖွဲ့မှ ရေသန့်စက်ရုံ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ တွေ့ကြုံလာနိုင်သည့် ပတ်ဝန်းကျင် ထိခိုက်မှုလေ့လာဆန်းစစ်မှုများကို ရှင်းလင်းပြောကြားသည်။ အဆိုပါစက်ရုံအား ဂျပန်နိုင်ငံအစိုးရ၏အထောက်အပံ့အဖြစ် တည်ဆောက်ဖြစ်ကြောင်း၊ ကုန်ကျငွေ ဂျပန်ယန်း ၅ ဘီလျံခန့် ကုန်ကျ မည်ဖြစ်ကြောင်း၊ မြေ ၇ ဧကပေါ်တွင် ဆောက်လုပ်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် စတင်‌ဆောက်လုပ်မည်ဖြစ်ကြောင်း၊ တစ်ရက်လျှင် ရေဂါလန် ၃ ဒသမ ၃ သန်းထွက်ရှိမည်ဖြစ်ပြီး အနီးပတ်ဝန်းကျင် ကျေးရွာ များသို့လည်း ရေသယ်ကားကြီးများဖြင့် ဖြန့်ဝေပေးသွားမည်ဟု သိရ သည်။ တောင်ပိုင်းခရိုင်ရှိ မြို့နယ်များအနက် နွေရာသီရောက်တိုင်း သောက်သုံးရေအခက်အခဲဆုံးသောမြို့မှာ ဒလမြို့နယ်ဖြစ်ပြီး အဆိုပါ အခက် အခဲများ ပြေပျောက်စေရန်အတွက် ယခုရေသန့်စက်ရုံ တည်ဆောက်ရေး စီမံကိန်းသည် အဓိကဖြစ်ကြောင်း သိရသည်။ ရေသန့်စက်ရုံတည်ဆောက်ရာတွင် လမ်းအသုံးပြုသွားလာခြင်းနှင့် အခြားသောဒေသနေပြည်သူများအတွက် ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ် စေရန် ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။ တွေ့ဆုံပွဲသို့ ဒလမြို့နယ်နှင့်တွံတေးမြို့နယ်တို့မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အုပ်ချုပ်ရေးမှူးများ ဌာနဆိုင်ရာ များနှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ . မောင်ယဉ်ဦး (ဒလ)






အခြားဆက်စပ်သတင်းများ