နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ်သစ်အခါသမယကို ကြိုဆို ညီညာစွာလက်တွဲဆောင်ရွက်ကြစေလို

မြန်မာသက္ကရာဇ်အားဖြင့် ၁၃၈၃ ခုနှစ်၊ နှစ်ဟောင်းကုန်လွန်၍ ၁၃၈၄ ခုနှစ်၊ နှစ်သစ်သို့ရောက်ရှိပြီဖြစ်သည်။ နှစ်ဟောင်းသည် အတိတ်ဟောင်းအဖြစ် ကျန်ရစ်ခဲ့ပြီး နှစ်ဟောင်းမှ အနိဋ္ဌာရုံများ နှစ်သစ်ဆီသို့ ကူးပြောင်းလိုက်ပါမလာစေလိုဘဲ နှစ်သစ်ကို မျှော် လင့်ချက်အသစ်တို့ဖြင့် ကြိုဆိုလိုကြသည်မှာ အေးချမ်းသာယာ မှုကို လိုလားသည့် ပြည်သူပြည်သားအားလုံး၏ ဆန္ဒပင်ဖြစ်သည်။


မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှစ်နှစ်တိုင်တိုင် ကျင်း ပနိုင်ခဲ့ခြင်းမရှိသော်လည်း ယခု ၂၀၂၂ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်တွင် ကျင်းပခဲ့သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက်ကျင်းပခဲ့သည်။


ပြည်သူများသည် မိမိတို့ပင်ပန်းနွမ်းနယ်သမျှကို အတာရေ ပက်ဖျန်းလန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏ တာဝန် များကို စွမ်းအားပြည့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မြန်မာတို့၏ သင်္ကြန်ပွဲတော်သည် ရှေးနှစ်ပေါင်းများစွာကတည်းက မြန်မာတို့ ၏ ယဉ်ကျေးမှုဓလေ့စရိုက်အစဉ်အလာများနှင့်အညီ ကောင်းမွန် စွာကျင်းပလာခဲ့သည့် ပွဲတော်လည်းဖြစ်သည်။


နှစ်ဟောင်းမှ နှစ်သစ်ကို ကူးပြောင်းသော မြန်မာ့ရိုးရာအတာ သင်္ကြန်ကာလသည် မြန်မာနိုင်ငံသားတို့၏ ရိုးရာပွဲတော်များ အနက် ထူးခြားလေးနက်မှုရှိသော ပွဲတော်လည်းဖြစ်သည်။


မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် အန္တရာယ်ကင်းရှားပရိတ်ရွတ် ဖတ်ပူဇော်ပွဲများ၊ သက်ကြီးဘိုးဘွားပူဇော်ပွဲများ၊ ဘေးမဲ့လွှတ် ခြင်းများစသော မင်္ဂလာအမှုတို့ကိုပြုမြဲဖြစ်သည်။


ယနေ့ကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါကင်းရှင်း ပျောက် ကွယ်သွားရေး၊ နိုင်ငံတစ်ဝန်းအေးချမ်းသာယာရေးနှင့် တရား ဥပဒေ၏ အရိပ်အောက်တွင် လုံခြုံစိတ်ချစွာ အသက်မွေးနိုင်ရေး၊ တက္ကသိုလ်များပြန်လည်ဖွင့်လှစ်၍ စာသင်ခန်းများဆီ ကျောင်း သား၊ ကျောင်းသူပြန်လည်ဝင်ရောက်ရေး၊ စီးပွားရေး၊ အလုပ် အကိုင်အခွင့်အလန်းတို့ ဖွံ့ဖြိုးစည်ပင်လာရေးကို ပြည်သူအားလုံး က နှစ်သစ်နှင့်အတူ မျှော်လင့်နေကြသည်။


"၂၀၂၂ ခုနှစ်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုး တက်ရေး၊ တိုင်းပြည်စည်ပင်သာယာဝပြောရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု နိုင်ငံတော်ကြီးပေါ်ထွန်းလာစေရေးတို့ကို အစိုးရအနေနှင့် ဆက် လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်သူတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုပါကြောင်း" ၂၀၂၂ ခုနှစ် နှစ်သစ်အခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့ သည်။


ညီညာမှပြည်သာယာမည် ဆိုစကားနှင့်အညီ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်း ရင်းသား ညီအစ်ကိုအပေါင်းတို့သည် မြန်မာနှစ်သစ်မင်္ဂလာအခါ သမယတွင် ညီညာစွာလက်တွဲ၍ ကြိုးပမ်းကြစေချင်ပါကြောင်း။






အခြားဆက်စပ်သတင်းများ