ကျွန်ုပ်တို့ မြန်မာလူမျိုးတို့သည် ရေ၊ မြေ၊ တော၊ တောင်မတူ သောကြောင့် တိုင်းရင်းသားလူမျိုးတစ်ခုစီ၏ ဓလေ့ထုံးစံမှာ အနည်းငယ်ခြားနားမှုရှိသော်လည်း တစ်အူထုံ့ဆင်းညီအစ်ကို မောင်နှမများဖြစ်၍ အမျိုးသားယဉ်ကျေးမှုအတူတူပင်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း သဘာဝက ဖန်တီးပေးထားသည့် ရေ၊ မြေ၊ နယ်နိမိတ်ကြန်အင်လက္ခဏာသွင်ပြင်ပုံပန်းဆိုင်ရာ လူနေမှု ဓလေ့ထုံးစံ၊ ဆင်ယင်ထုံးဖွဲ့မှု၊ ပန်းချီ၊ ပန်းပု၊ အဆို၊ အက၊ ကိုးကွယ် သည့် ဘာသာအယူဝါဒနှင့်အရေးအသားအတွေး အခေါ်များရှိသည့် အတွက် မိမိတို့နှင့်ဆီလျော်သောယဉ်ကျေးမှု များသည်တစ်သီး တခြားရပ်တည်လာခဲ့သည်မှာ အစဉ်အဆက် က ပင်ဖြစ်သည်။
ထိုယဉ်ကျေးမှုဟူသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူညီနိုင်ပါ။ ရာသီဥတုအခြေအနေ၊ ပထဝီအနေအထားအရ ပြောင်းလဲတတ် သည့် သဘောရှိသည်။ ထိန်းသိမ်းသင့်သည့် ယဉ်ကျေးမှုကို ဆက် လက်ထိန်းသိမ်းပြီး ပြောင်းလဲသင့်သည့် ယဉ်ကျေးမှုကို ပြောင်း လဲပစ်ရမည်။
ကျွန်ုပ်တို့မြန်မာလူမျိုးများတွင် အခြားလူမျိုးများထက်ထူး ခြားမွန်မြတ်သော ရိုးရာယဉ်ကျေးမှုများစွာရှိသည်။ မြန်မာတို့ သည် ယဉ်ကျေးကြသည်။ သိမ်မွေ့ကြသည်။ ဘာသာတရားကိုင်း ရှိုင်းကြသည်။ သူတစ်ပါးအပေါ်တွင် စေတနာထားသည်။ ကူညီ တတ်ကြသည်။ အားနာတတ်ကြသည်။ မြန်မာတို့သည် ငွေကြေး မချမ်းသာကြသော်လည်း မေတ္တာ၊ စေတနာချမ်းသာကြသည်။
ကမ္ဘာ့ရွာကြီးအတွင်း သတင်းအချက်အလက်နှင့်ဆက်သွယ် ရေး နည်းပညာများအရ လျင်မြန်စွာပြောင်းလဲတိုးတက်လျက် ရှိသည်။ ယင်းပြောင်းလဲမှုတွင် မိမိတို့ အမျိုးသားယဉ်ကျေးမှု နှင့် မဆီမလျော်မအပ်စပ်သည့် ပြောင်းလဲခြင်းမျိုးမဖြစ်စေရန် အထူး သတိပြုကြရမည်ဖြစ်သည်။ အဖိုးထိုက်တန်သည့်အမွေအနှစ် ယဉ်ကျေးမှုကို မတိမ်ကောမပျောက်ပျက်အောင် ထိန်းသိမ်းကြ ရမည်ဖြစ်သည်။
ရိုးရာယဉ်ကျေးမှုဓလေ့ထုံးထမ်းအစဉ်အလာများ မပျောက် ပျက်စေရန်နှင့် အရှည်တည်တံ့နိုင်ရန် နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်ပေသည်။ ကျွန်ုပ်တို့မြန်မာလူမျိုးတို့အတွက် အရေးအကြီးဆုံး ဖြစ်သော ယဉ်ကျေးမှုဟူသော မဏ္ဍိုင်ကြီး မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းသည် တိုင်းပြည်ကြီးပွားတိုးတက်ရေးကို အထောက်အကူဖြစ်စေချင်ကြောင်း ။ ။