နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရဲအရာရှိနှစ်ဦး တာဝန်မှ ဆိုင်းငံ့ပြီးနောက် ရဲတပ်ဖွဲ့ဝင် ၅၇ ဦး အရေးပေါ်တုံ့ပြန် လှုပ်ရှားရေးအဖွဲ့မှ နုတ်ထွက်

ဇွန် ၆ ဝါရှင်တန်

အသက် ၇၅ နှစ်အရွယ် ဆန္ဒပြသူတစ်ဦးကို မြေပေါ်လဲကျသွားအောင် ဆောင့်တွန်းခဲ့သည်ဆိုသည့် ရဲအရာရှိနှစ်ဦး တာဝန်မှ ဆိုင်းငံ့ခံရပြီးနောက် နယူးယော့ခ်ပြည်နယ်၊ ဘက်ဖလိုမြို့မှ ရဲတပ်ဖွဲ့ဝင် ၅၇ ဦးက အရေးပေါ်တုံ့ပြန်လှုပ်ရှားရေးအဖွဲ့မှ နုတ်ထွက်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့်ကြာသပတေးနေ့က ဆန္ဒပြပွဲတွင် စီတန်းလမ်းလျှောက်လာသည့် ရဲအရာရှိများအနက် ရဲအရာရှိနှစ်ဦးက ဆန္ဒပြသူအဘိုးအိုကို ဆောင့်တွန်းခဲ့ကြောင်း ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။ ယင်းဖြစ်ရပ်ကြောင့် အဘိုးအိုမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့သည်။ နယူးယော့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဒရူးကွာမိုက တရားမျှတမှုကင်းမဲ့ပြီး မနှစ်မြို့စရာကောင်းသည့်ဖြစ်ရပ်ဟု မှတ်ချက်ပေးကာ အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေသည်။

မင်နီယာပိုလစ်မြို့တွင် ရဲတပ်ဖွဲ့၏ ထိန်းသိမ်းခြင်းခံရစဉ် လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးခဲ့ပြီးနောက် လူမျိုးရေးမခွဲခြားဘဲ တန်းတူညီမျှ တရားမျှတရေးတောင်းဆိုသည့်အနေဖြင့် အမေရိကန် နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြပွဲများဖြစ်ပွားလျက်ရှိသည်။ ရဲအရာရှိ ၅၇ ဦးမှာ အရေးပေါ်တုံ့ပြန်လှုပ်ရှားရေးအဖွဲ့မှ နုတ်ထွက်ခဲ့ခြင်းဖြစ်သော်လည်း ရဲတပ်ဖွဲ့မှ နုတ်ထွက်ခြင်းမဟုတ်ဟု သိရသည်။ တာဝန်အရ ဆောင်ရွက်ရသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအပေါ် ပြုမူဆက်ဆံပုံနှင့်ပတ်သက်၍ မကျေနပ်ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် ၅၇ ဦးက အရေးပေါ်တုံ့ပြန်လှုပ်ရှားရေးအဖွဲ့မှ နုတ်ထွက်ခြင်းဟု ဆိုသည်။  

(KNT)






အခြားဆက်စပ်သတင်းများ