နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြိုင်ဆိုင်မှုမှ တိုးတက်မှုသို့ရှေးရှု

၂၁ ရာစုခေတ်ကြီးသည် အရာအရာ နေ့ချင်း၊ ညချင်း တိုးတက်ပြောင်းလဲနေသော ခေတ်မြန်ကြီးပင်ဖြစ်၏။ တိုးတက်မှု မြန်ဆန်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ကမ္ဘာအရပ်ရပ်တွင် ပြိုင်ဆိုင်မှုကြီးထွားလာခြင်းကြောင့် ဖြစ်သည်။


လောက၌ ကောင်းသောယှဉ်ပြိုင်မှုတိုင်းသည် တိုးတက် ကြကုန်၏။ အကောင်းကိုယှဉ်ပြိုင်သော အရာဟူသမျှသည် အကောင်းကိုဖြစ်စေ၏။ တစ်နည်းအားဖြင့် တိုးတက်ကြီးပွားခြင်း ကို ဖြစ်နိုင်၏။ 


မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများတွင် ဝန်ဆောင်မှုများ ကို အပြိုင်အဆိုင်မြှင့်တင် ဆောင်ရွက်ပေးလာကြသည်။ ပြိုင်ဆိုင် နေသောခေတ်၏ အကျိုးရလဒ်များပင် ဖြစ်၏။ ယနေ့ခေတ်တွင် ပြိုင်ဆိုင်ခြင်းသည် ပြိုင်ဆိုင်သူများကိုသာ အကျိုးဖြစ်စေသည် မဟုတ်။ ပြည်သူလူထုကိုလည်း အကျိုးပွားစေ၏။ 


သို့သော် ပြိုင်ဆိုင်တုပခြင်းကို အတွေးသစ်၊ အကြံသစ်တို့ဖြင့် သာလွန်ကောင်းမွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြိုင်ဆိုင်တုပခြင်းသည် အတုအဆင့်၌ရှိ၍ အစစ်ဖြစ်မလာနိုင်ပါ။ အခြေခံအတုကိုအကြောင်းပြု၍ ကိုယ်ပိုင်ဖန်တီးမှသာ အစစ် ဖြစ်လာနိုင်သည်။ 


ရှိရင်းစွဲကိုအခြေခံပြီး ပိုမိုကောင်းမွန်အောင် ပြန်လည်မွမ်းမံ ရပါသည်။ ပြိုင်ဆိုင်တုပခြင်းတွင် တီထွင်မွမ်းမံခြင်းမရှိက အစစ် မဖြစ်နိုင်ပါ။ 


နယ်ပယ်တစ်ခုတွင် သုတေသနရလဒ်တစ်ခုသည် နှစ်ပေါင်း များစွာ အကျိုးပြုနိုင်သည်။ သုတေသနရလဒ်ဆိုသည်မှာ သဘာဝ တရားတွင် တိမ်မြုပ်နေသော စွမ်းရည်တစ်ခုကို လူသားအကျိုးပြု ဖြစ်လာအောင် စွမ်းဆောင်ခြင်းပင်ဖြစ်သည်။ ၎င်းအပေါ်ဆင့်ကာ ဆင့်ကာ သုတေသနပြုခြင်းဖြင့် လူ့လောကသည် အံ့ဩဖွယ် ပြောင်းလဲသွားနိုင်ပေသည်။ သုတေသနလုပ်ငန်းများ၌ ပူးပေါင်း ပါဝင်ခြင်းဖြင့် တိုးတက်အောင်မြင်စေသည်။ 


ဤသို့ကောင်းသော ပြိုင်ဆိုင်မှုဖြင့် သုတေသနပြုခြင်းနှင့် ရောင်းဝယ်၊ ဖောက်ကားမှုတို့၌ ကောင်းသောပြိုင်ဆိုင်ခြင်းများဖြင့် တိုးတက်မှုကိုရှာဖွေကာ လူ့ဘောင်ကောင်းကျိုးအတွက် ဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပေသည်။       ။






အခြားဆက်စပ်သတင်းများ