နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစိမ်းရောင်စီးပွားရေးမူဝါဒ ကျင့်သုံးလိုက်နာ

ရေသည် သစ်တောများဖုံးလွှမ်းသည့် တော၊ တောင်များမှသည် ပင်လယ်သမုဒ္ဒရာအထိ စီးဆင်းနေသဖြင့် ရေဝေရေလဲဒေသသည် အလွန်ကျယ်ပြန့်သည်။ ရေအရင်းအမြစ်များဖြစ်သည့် သဘာဝ ရေထွက်မှာ တော၊ တောင်၊ စိမ့်၊ စမ်းများမှစ၍ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေတိမ်ဒေသတို့၏ ရေဝေရေလဲဧရိယာများနှင့် ရေဦးရေဖျား ဒေသရှိ သစ်တောဖုံးလွှမ်းမှုကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်သည်။


သစ်တောဖုံးလွှမ်းမှုကောင်းမွန်သော နေရာများ၌ မြေတိုက် စားမှု အနည်းငယ်သာရှိနိုင်သော်လည်း သစ်တောပြုန်းတီးသည့် မြေနေရာများတွင် မြေတိုက်စားမှုပြဿနာ ဆိုးရွားစွာကြုံတွေ့ ကြရသည်။ ယင်းကြောင့် သက်ဆိုင်ရာဌာနများက ရေ၊ မြေနှင့် သစ်တောသယံဇာတများကို ရေရှည်တည်တံ့အောင် အလေးထား စီမံဆောင်ရွက်လျက်ရှိသည်။ 


သစ်တောသယံဇာတများကို ထာဝစဉ်တည်တံ့အောင် ထိန်းသိမ်းရန်နှင့် စနစ်တကျထုတ်ယူသုံးစွဲရန် အလေးထား ဆောင်ရွက်ရမည်ဖြစ်ရာ သစ်တောများသည် သစ်၊ လောင်စာ၊ အစားအစာနှင့် တိရစ္ဆာန်အစာများကို ထောက်ပံ့နေသည့်အပြင် ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ၊ မြေဆီလွှာနှင့်  မြစ်ချောင်းများကို ကာကွယ်ပေးခြင်းတို့ကြောင့် ကမ္ဘာမြေကြီး ရေရှည်တည်တံ့ကောင်းမွန်စေရေး၊ ဂေဟစနစ်တည်ငြိမ်ရေးနှင့် လူသားများ၏ကောင်းကျိုးအတွက် မရှိမဖြစ်လိုအပ်သည်။ 


အစိမ်းရောင်စီးပွားရေး လုပ်ငန်းစဉ်များဖြစ်သော ကာဗွန် ထုတ်လုပ်မှုနှင့် လေထုညစ်ညမ်းမှုလျှော့ချရေး စွမ်းအင်နှင့် သယံဇာတများ ထိရောက်စွာအသုံးချနိုင်ရေးနှင့် ဇီဝမျိုးကွဲများနှင့် ဂေဟစနစ်ဝန်ဆောင်မှု ဆုံးရှုံးခြင်းများကို တားဆီးကာကွယ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်လျက်ရှိသည်။

သဘာဝသယံဇာတများနှင့် ပတ်ဝန်းကျင်ကိုရေရှည်တည်တံ့ အောင် အလေးထားစီမံဆောင်ရွက်လျက်ရှိရာ အစိမ်းရောင် စီးပွားရေးသည် ရာသီဥတုတည်ငြိမ်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီး လုပ်ငန်းများအနက် တစ်ခုဖြစ်သည်။


မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုရရှိစေ မည့် အစိမ်းရောင်စီးပွားရေးမူဝါဒကို ချမှတ်ကျင့်သုံးလျက်ရှိရာ သဘာဝဘေးအန္တရာယ်များဖြစ်သော ရေကြီး၊ ရေလျှံမှု၊ မိုးခေါင် ရေရှားမှုများစသည်တို့ ဖြစ်ပေါ်လာပါက အခြားသူများထက် အောက်ခြေလူတန်းစားများက ပိုမိုခံစားရလျက်ရှိရာ ဆင်းရဲ မွဲတေမှုသည်  ပတ်ဝန်းကျင်ပျက်စီးရာ  ပျက်စီးကြောင်း၏ အကြောင်းတစ်ခုဖြစ်ရာ လူသားအားလုံး ပတ်ဝန်းကျင်ဆိုင်ရာ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစေရန် ဝိုင်းဝန်းဆောင်ရွက် ကြရေးအတွက် တိုက်တွန်းအပ်ပေသည်။       ။






အခြားဆက်စပ်သတင်းများ