နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ်အနိုင်ရခဲ့သည့် ဘာစီလိုနာ

မတ်   ၂၁


လာလီဂါပွဲစဉ် ၂၉ ၏ ပွဲစဉ်တစ်ပွဲအဖြစ် ရီးရဲလ်မက် ဒရစ်အသင်းနှင့် ဘာစီလိုနာ အသင်းတို့ ယနေ့နံနက် အစော ပိုင်းက ဘာနေဗျူးကွင်း၌ ယှဉ်ပြိုင်ကစားရာ ဘာစီလိုနာ အသင်းက ရီးရဲလ်မက်ဒရစ် အသင်းကို လေးဂိုး၊ ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရ သည်။ အဆိုပါ ပွဲစဉ်တွင် ဘာစီလိုနာအသင်းက ကစား သမားအစုံအလင်ဖြင့် ပွဲထွက် လာပြီး ရီးရဲလ်မက်ဒရစ်အသင်း က တိုက်စစ်မှူး ဘင်ဇီမာ ဒဏ်ရာပြဿနာ ရှိနေခြင်း ကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ ကျန်ကစားသမား အစုံအလင် ဖြင့် ပွဲထွက်လာသည်။


ပထမပိုင်း ပွဲစကတည်းက နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ဆင်ကစားခဲ့ပြီး အယ် ကလက်စီကို ပွဲစဉ်ဖြစ်သည်နှင့် အညီ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ သည်။ ဘင်ဇီမာ မပါဝင်နိုင် သည့် ရီးရဲလ်အသင်း၏ တိုက် စစ်ပိုင်းက ရုန်းကန်ခဲ့ရပြီးဘာစီ လိုနာအသင်း၏ တိုက်စစ်က အကောင်းဆုံး ပုံစံတွင်ရှိနေခဲ့ ကာ အခွင့်အရေးများစွာရရှိခဲ့ သော်လည်း အဆုံးသတ်ပိုင်း အားနည်းနေခြင်းကြောင့် ယခု ထက် ဂိုးမပြတ်ခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၂၉ မိနစ်တွင် တိုက်စစ် မှူး အူဘာမီယန်းက ဘာစီလိုနာ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး နောက်ထပ် အနိုင်ဂိုးကို ၃၈ မိနစ်တွင် နောက်ခံလူ အရူဂျိုက သွင်းယူ ပေးခဲ့သည်။


ဒုတိယပိုင်း တွင်လည်း ဘာစီလိုနာအသင်း၏ တိုက်စစ် က အကြိမ်ကြိမ် အခွင့်အရေး ရရှိခဲ့ပြီး နောက်ထပ်အနိုင်ဂိုး များကို ၄၇ မိနစ်တွင် ဖာရန် တောရက်စ်နှင့် ၅၁ မိနစ်တွင် အူဘာမီယန်းတို့က သွင်းယူ ပေးခဲ့ကာ ပထမနေရာမှ ရီးရဲလ် မက်ဒရစ်ကို ဘာနေဗျူးကွင်း တွင် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ နည်းပြ ဇာဗီ၏ ဘာစီလိုနာ အသင်းသည် ၁၂ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ဖြင့် အမှတ်ပေးဇယား၏ တတိယနေရာတွင် ရမှတ် ၅၄ မှတ်ဖြင့် ရပ်တည်နေပြီး ရီးရဲလ်မက်ဒရစ်အသင်းက ၆၆ မှတ်ဖြင့် အမှတ်ပေးဇယား၏ ပထမနေရာတွင် ဆက်လက် ရပ်တည်နေကြောင်း သိရ သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ