နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂိုးပြတ်နိုင်ပွဲဖြင့် မန်စီးတီးအသင်း FA ဖလား ဆီမီးဖိုင်နယ်တက်

မတ်   ၂၁


FA ဖလား ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ဆောက်သမ်တန် အသင်းနှင့် မန်စီးတီးအသင်းတို့ ယမန်နေ့ ညပိုင်းက စိန့်မေရီ ကွင်း၌ ယှဉ်ပြိုင်ကစားရာ မန်စီးတီးအသင်းက ဆောက် သမ်တန်အသင်းကို လေးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီး ဖိုင်နယ်အဆင့်ကိုတက်လှမ်းနိုင် ခဲ့ကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်တွင် နှစ်သင်းစလုံးကအဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာပြီး နည်းပြဂွါဒီယိုလာ ၏ မန်စီးတီးအသင်းက ခြေစွမ်း အသာဖြင့် ပွဲကို စိုးမိုးနိုင်ခဲ့ပြီး ဆောက်သမ်တန် အသင်းက ခံစစ်အသားပေး ပုံစံဖြင့်သာ ယှဉ်ပြိုင်ကစားခဲ့သည်။


ပထမပိုင်း ပွဲချိန် ၁၂ မိနစ် တွင် တောင်ပံကစားသမား စတာလင်က မန်စီးတီးအသင်း အတွက် အဖွင့်ဂိုးကို သွင်းယူ ပေးခဲ့သော်လည်း ၄၇ မိနစ်တွင် လာပေါ်တေး၏ ကိုယ့်ဂိုးကိုယ် သွင်းယူမိခြင်းကြောင့် ဆောက် သမ်တန်အသင်း ချေပဂိုးရရှိခဲ့ ကာ သရေရလဒ်ဖြင့် ပွဲပြီးဆုံး ခဲ့သည်။


ဒုတိယပိုင်းတွင် မန်စီးတီး အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာ ကစားကွက်အသာဖြင့် ဆောက်သမ်တန် အသင်းကို ပိုမိုဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန် ၆၂ မိနစ်တွင် ပင်နယ်တီကတစ်ဆင့် ဒီဘရိုင်းက မန်စီးတီးအသင်း အတွက် ဦးဆောင်ဂိုးကိုသွင်းယူ ပေးခဲ့သည်။ ထို့နောက် မန်စီးတီး အသင်းကသာ ပွဲကို ထိန်းချုပ်  ကစားခဲ့ပြီး နောက်ထပ်အနိုင် ဂိုးများကို လူစားဝင် ကစား သမားများဖြစ်သည့် ဖိုဒန်နှင့် မာရက်ဇ်တို့က သွင်းယူပေးခဲ့ ခြင်းဖြစ်သည်။


FA ဖလား ကွာတားဖိုင်နယ် ၏ အခြားပွဲစဉ်များတွင် ခရစ္စ တယ်ပဲလေ့စ်က အဲဗာတန် အသင်းကို လေးဂိုး၊ ဂိုးမရှိဖြင့် လည်းကောင်း၊ လီဗာပူးလ်က နော်တင်ဟမ်ဖောရက်စ်အသင်း ကို တစ်ဂိုး၊ ဂိုးမရှိဖြင့်လည်း ကောင်း အသီးသီး အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက် လှမ်းနိုင်ခဲ့သည်။


FA ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဧပြီ ၁၆ ရက်နှင့် ၁၇ ရက်တွင် ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ပြီး မန်စီးတီးနှင့် လီဗာပူးလ်၊ ချယ်လ်ဆီးနှင့် ခရစ္စတယ်ပဲလေ့စ်တို့ တွေ့ဆုံ နေကြောင်း သိရသည်။   (သူရိန်)






အခြားဆက်စပ်သတင်းများ