နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူမှုသတင်းမီဒီယာနှင့်ယဉ်ကျေးမှု

မြန်မာနိုင်ငံပြည်သူများသည် တည်ငြိမ်အေးချမ်းမှုကို လိုလား ကြသည်။ တည်ငြိမ်အေးချမ်းမှ တိုင်းပြည်သာ ယာဝ ပြောပြီး စိတ်အေး ချမ်းသာစွာနေနိုင်ကြမည်ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်သည်။


ယခုအခါ နိုင်ငံငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုး မိုး ရေးဟူသော အမျိုးသားရေးလိုအပ်ချက်များကို မဏ္ဍိုင်ကြီးများအား လုံးမှ ပဓာနပြု ကြိုးပမ်းကြရာတွင် မီဒီယာမဏ္ဍိုင်သည်လည်း မိမိ တို့၏ သတင်း မီဒီယာဥပဒေ၊ သတင်းမီဒီယာ ကျင့်ဝတ်များအား မြဲမြံစွာစောင့်ထိန်းလျက် အတူတကွ ကြိုးပမ်းအကောင်အထည် ဖော်ရမည့် ကာလဖြစ်သည်။


သို့ရာတွင် သတင်းဌာနအချို့သည် သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာ ကျင့်ဝတ်များကို ချိုးဖောက်လျက် မြန်မာ့လူအဖွဲ့ အစည်း၏ ပဋိပက္ခများ ပိုမိုကြီးထွားလာစေရန် လုပ်ဆောင်နေသဖြင့် နိုင်ငံတော်က ယင်းသတင်းဌာနများကို လိုင်စင်ပိတ်သိမ်းလျက်တရား မဝင်သတင်း ဌာနများအဖြစ် ကြေညာထားသည်။


ယနေ့ခေတ်သည် အိုင်တီနည်းပညာများ တိုးတက်လာသည် နှင့်အမျှ လူမှုကွန်ရက်ပေါ်တွင် သတင်းထူးဟုဆိုသည့် သတင်းမှား များ၊ အချက်အလက်အမှား၊ သုံးသပ်ချက်အလွဲများ၊ လိုရာဆွဲ ထင်မြင် ယူဆချက်များကို အခြေခံကာ လတ်တလောလိုအင်ဆန္ဒများကို ပြည်သူများ၏ ဆန္ဒဟုမြှောက်ပင့်ပေးကာ မမှန်ကန်သော အကြောင်း ပြချက်များဖြင့် နိုင်ငံတော်၏ လုံခြုံရေးကို ခြိမ်းခြောက်နေကြသည်။


ရိုးသားသည့် ပြည်သူများ အကြမ်းဖက်မှုများကို အားပေးပါဝင် လာရန် ပြည်တွင်းမှ အသားထဲက လောက်ထွက်သူများက မမှန်ကန် သော သတင်းအချက်အလက်များဖြင့် လှုံ့ဆော်ချဲ့ကားရေးသားနေကြ ပြီး အကြမ်းဖက် အဖျက်သမားများကလည်း ယင်းမီဒီယာများကို အသုံးချလျက်ရှိကြသည်။


အကြမ်းဖက်သမားများသည် မြို့ရွာများအတွင်း အလစ်အငိုက် ချောင်းမြောင်းပြီး အပြစ်မဲ့ပြည်သူများအား ဒလန်သတင်းပေးဟု စွပ်စွဲ သတ်ဖြတ်ခြင်း၊ အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများအား သတ်ဖြတ်ခြင်း၊ ဆေးကုသစောင့် ရှောက်မှုပေးနေသော သူနာပြုများအား အကြမ်း ဖက်သတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးပေးခန်းနှင့် လူနေအိမ်အဆောက်အအုံများ မီးရှို့ဖျက်ဆီးခြင်းသာမက ရဟန်း သံဃာတော်များကိုပါ သတ်ဖြတ်ခြင်းများအထိ ပြုလုပ်လာကြ သည်။


သို့ဖြစ်ရာ ပြည်သူများအနေဖြင့် လုံခြုံရေးသတိဖြင့်နေထိုင် ကြရန် အထူးလိုအပ်ပြီး အကြောင်းကိစ္စရှိပါက လုံခြုံရေးတပ်ဖွဲ့ များသို့ အလျင်အမြန်အကြောင်းကြားကာ လက်တွဲပူးပေါင်း ဆောင်ရွက် ကြရန်လိုအပ်သည်။ 


ဗိုလ်ကျစိုးမိုးရေးဝါဒကို ကျင့် သုံးသောနိုင်ငံများကလည်း သူတစ်ပါး၏ ပြည်တွင်းရေးကိုဝင် ရောက်စွက်ဖက်သော လုပ်ငန်းစဉ်များဖြင့် လည်းကောင်း သူခိုး ဓားရိုးကမ်းသော ပြည်တွင်းက အမျိုးသား သစ္စာဖောက်များကို အသုံးချ၍ လည်းကောင်း အမျိုးမျိုးနှောင့်ယှက် ဖျက်ဆီးလျက်ရှိကြ သည်။ 


ပြည်တွင်းရှိ ၎င်းတို့လက်သပ်မွေးခံရသူများ ကျေးဇူးခံ၊ကျေးဇူး စားများရှိသူများကလည်း သတင်းတု၊ သတင်းယောင်၊ သတင်း မှားများ လှီးလွှဲထားသော သတင်းများဖြင့် လူမှုကွန်ရက်ကို အသုံး ချကာ တိုင်းပြည်နှင့်လူမျိုးအပေါ် ကျေးဇူးကန်း ဆောင်ရွက်နေ ကြသည်။


 သို့ဖြစ်ရာ နိုင်ငံသူ၊ နိုင်ငံသားများ အနေဖြင့်လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်း ဖက်၊ အဖျက် သမားများအား တပ်မတော်နှင့်အတူ လက်တွဲ၍ ဆန့် ကျင်ဖော်ထုတ် ပူးပေါင်းကာကွယ် ဆောင်ရွက်ကြရန် တိုက်တွန်း အပ်ပေသည်။       ။






အခြားဆက်စပ်သတင်းများ