နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂေဟစနစ်ထိန်းသိမ်းရေး

ရာသီဥတုပြောင်းလဲမှုများတွင် ကမ္ဘာတစ်ဝန်းသစ်တောများ ပြုန်းတီးခြင်း ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့နှင့် ဖန်လုံအိမ်   ဓာတ်ငွေ့ထုတ်လွှတ်မှု များပြားလာခြင်းစသည့်အကြောင်း ရင်း များက အဓိကပါဝင်နေသည်။ မြေကမ္ဘာကို ဒုက္ခပေးနေသော  ကာဗွန် ဓာတ်ငွေ့လျှော့ချရေးကို အသိပညာရှင်၊ အတတ်ပညာရှင် များက ဆွေးနွေးညှိနှိုင်းအဖြေရှာနေကြသည်။


အိုဇုန်းလွှာသည် ကမ္ဘာမြေပြင်ပေါ်သို့ နေမှကျရောက်သည့် ဘေးအန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်း အထိ စုပ်ယူပေးသည့် သဘာဝအကာအရံဖြစ်သည်။ အိုဇုန်းလွှာ မပျက်စီးစေရန် သဘာဝတော၊ တောင်၊ ရေအရင်းအမြစ်၊ သစ်တောများစသည်ဖြင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီး မှုမရှိအောင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်သွားကြရမည်ဖြစ်သည်။


လူတို့၏ ပယောဂကြောင့် ကမ္ဘာသစ်တောကြီးများ အများ ဆုံး ဆုံးရှုံးနေရသည်။ တစ်စတစ်စပြုန်းတီးလာနေသည်။ ထို့ပြင် သဘာဝဘေးအန္တရာယ် တောမီးလောင်ကျွမ်းမှုကြောင့်လည်း ဆုံးရှုံးနေရသည်။ မည်သို့ဆိုစေသစ်တောများ ပြုန်းတီးမှုသည် သက်ရှိများရှင်သန်ရေးအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်သည်။


ကမ္ဘာ့သစ်တောကြီးများနည်းတူ မြန်မာနိုင်ငံရှိ ဒီရေတော၊ တောင်ပေါ်သစ်တော၊ ရွက်ပြတ်သစ်တော၊ အမြဲစိမ်းသစ်တော များ တစ်စတစ်စယိုယွင်းပျက်စီးလာနေသည်။ ယင်းကဲ့သို့ ပြုန်း တီးလာခြင်းများက မြန်မာနိုင်ငံ၏ ဂေဟစနစ်တစ်ခုလုံး အထိန်း အကွပ်မရှိပျက်စီးမှုများဖြစ်ပေါ်စေခဲ့သည်။


မြန်မာနိုင်ငံတွင် အပူပိုင်းမုတ်သုံသစ်တောများသည် ပျက်စီး မှုမရှိ သဘာဝအတိုင်း တည်ရှိနေသဖြင့် ကမ္ဘာပေါ်တွင် ထင်ရှား သောဒေသများအဖြစ် တည်ရှိနေကာ ရှည်လျားသည့် ကမ်းရိုး တန်းဒေသအတွင်း အမြဲစိမ်းသစ်တောများ၊ ဒီရေတောများနှင့် ဇီဝမျိုးကွဲများရှင်သန်လျက်ရှိသည်။


မြန်မာနိုင်ငံတွင် သဘာဝထိန်းသိမ်းရေး နယ်မြေ ၅၇  ခု၊ နိုင်ငံ ဧရိယာ၏ ၄၃ ရာခိုင်နှန်းသတ်မှတ်ဖွဲ့စည်းထားပြီး ဇီဝမျိုးစုံ၊ မျိုးကွဲများ ထိန်းသိမ်းရေး လုပ်ငန်းကို စနစ်တကျဆောင်ရွက် လျက်ရှိသည်။ သဘာဝထိန်းသိမ်းရေး နယ်မြေများရှိ သဘာဝ အမွေအနှစ်များ ဖြစ်ကြသည့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ စေရန်အတွက် ရှိရင်းစွဲ သဘာဝအနေအထားများကို ထိန်းသိမ်း ခြင်းနှင့် ပျက်စီးယုတ်လျော့သွားသော သဘာဝအနေအထားများ ကို ပြန်လည်ကုစားခြင်းလုပ်ငန်းစဉ် နှစ်ရပ်ကို သယံဇာတနှင့်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အလေးထားအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။


သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်းရှိသည့် ဇီဝမျိုးစုံ မျိုးကွဲနှင့် ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်ခြင်းကို ဆောင်ရွက် ခြင်းဖြင့် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်လာသည်နှင့် အမျှ လူသားတို့ မှီခိုအားထားရာ ကမ္ဘာမြေကို အကျိုးပြုသည့် သဘာဝ ပတ်ဝန်းကျင်သည်လည်း ရေရှည်ရှင်သန်ဖွံ့ဖြိုးလာမည်ဖြစ်၍ အားလုံးက ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် တိုက်တွန်းအပ်ပေ သည်။






အခြားဆက်စပ်သတင်းများ