နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေး အဖြစ်များနေသော ကာလဖြစ်သည်။ လူ့ပယောဂကြောင့် ဖြစ် သော ဘေးများကို မဖြစ်ပေါ်အောင် တားဆီး၍ ရကောင်းရမည် ဖြစ်သော်လည်း သဘာဝဘေးပယောဂကြောင့် ဖြစ်သောဘေးများ  ကို တားဆီး၍ ရနိုင်မည်မဟုတ်ပေ။


သဘာဝပယောဂကြောင့် ဘေးအဖြစ်များလာပြီး ဘေး ကြောင့် လူအသက်အိုးအိမ်စည်းစိမ်များ အခြေခံအဆောက်အဦ နှင့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးဆုံးရှုံးမှုလည်း များပြား လျက်ရှိသည်။ သဘာဝဘေးအန္တရာယ်သည် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ်တိုးတက်ရေးကို အဟန့်အတားဖြစ်စေသည်။


ထို့ကြောင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများ ကို ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များ ကော်မတီများဖွဲ့စည်းကာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။


သဘာဝဘေးအန္တရာယ်လျော့ပါးရေးတွင် ကြိုတင်ပြင်ဆင် ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ရာ၊ ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုစက်ဝန်းပါ အန္တရာယ်ဖြစ်နိုင်ခြေ၊ လျှော့ချခြင်း၊ ကြိုတင် အသင့်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင် ခြင်းဟူသည် ကြိုတင်ပြင်ဆင်ခြင်းဖြင့် ထိခိုက်မှုလျော့နည်းပြီး ထောက်ပံ့မှုများလည်း မြန်ဆန်မည်ဖြစ်သည်။


မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားသည့် နိုင်ငံများတွင် ပါဝင်နေရာ၊ မည်သည့် အန္တရာယ်အမျိုး အစားအတွက်မဆို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် အစီ အမံများနှင့်ဗဟုသုတများဖြင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ် ထားရန် လိုအပ်သည်။


ဘင်္ဂလားပင်လယ်အော်အတွင်း ယခုရက်ပိုင်းအတွင်းဖြစ်ပေါ် နေသော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမို အားကောင်းလာကာ ဆိုင်ကလုန်းမုန်းတိုင်းအဖြစ်ရောက်ရှိ လာပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်း၊ ဟိုင်းကြီးကျွန်းနှင့် ရခိုင်ကမ်း ရိုးတန်းသို့ ရောက်ရှိနိုင်သည်ဟု မိုး/ဇလဌာနက ထုတ်ပြန်ထား ရာ၊ အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေများကို ဒေသတွင်းနေ ပြည်သူများဂရုတစိုက်စောင့်ကြည့်နေရန် လိုအပ် သည်။ တရားဝင်ထုတ်ပြန်သောသတင်းများကို နားထောင်၍ ညွှန်ကြားချက်အတိုင်း သေချာစွာ လိုက်နာရန်လိုအပ်သည်။


မုန်တိုင်း၏ အပြင်းထန်ဆုံးသော ဘေးအန္တရာယ်မှာ ဆူနာမီ ကဲ့သို့သော ပင်လယ်ရေလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာနိုင်ခြင်းဖြစ် သည်။ ကမ်းရိုးတန်းဒေသများမှာ မုန်တိုင်းအန္တရာယ်အများဆုံး ခံရနိုင်သည်။ မုန်တိုင်းများမကျရောက်မီ ကြိုတင်ကာကွယ် ရေးအစီအမံများကို ဆောင်ရွက်ထားခြင်းဖြင့် သဘာဝဘေး အန္တရာယ်မှ လွတ်မြောက်အောင် ကြိုတင်လိုက်နာကျင့်သုံးဆောင် ရွက်ရေး တိုက်တွန်းနှိုးဆော်အပ်ပေသည်။       ။






အခြားဆက်စပ်သတင်းများ