နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆရာ၊ ဆရာမများကို ဂါရဝထား လေးစား

မြန်မာ့လူ့ဘောင်လောကတွင် မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်ဘဝ ရှင်သန်ဖွံ့ဖြိုးရေးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ  နာသုံးနာကိုအခြေခံပြီး မွန်မြတ်သည့် ပြုစုပျိုးထောင်ရေး လုပ်ငန်း တာဝန်များကို ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများအား ရိုသေလေးစားတန်ဖိုးထားကြသည်။


ယနေ့လူငယ်လူရွယ်များသည် အနာဂတ်ကိုတည်ဆောက်ကြ မည့် သားကောင်းရတနာလေးများဖြစ်ကြရာ ဆရာ၊ ဆရာမများ၏ ကောင်းမွန်စွာ ပြုစုပျိုးထောင်စောင့်ရှောက်နိုင်မှုသည် အဓိက အကြောင်းတစ်ရပ်ဖြစ်ပေသည်။ 


ကမ္ဘာ့နိုင်ငံအသီးသီး၌ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအကျဆုံး ဖြစ်သည့် လူသားအရင်းအမြစ်များ ပျိုးထောင်ရာတွင် ပဓာနကျ သည့် ဆရာ၊ ဆရာမများ၏ ဂုဏ်ရည်၊ ကျင့်ဝတ်သိက္ခာနှင့် ဂုဏ်ကျေးဇူးတို့ကို ဖော်ကျူးဂုဏ်ပြုနိုင်ရန်နှင့် အနာဂတ်ကာလတွင် လူ့ဘောင်အဖွဲ့အစည်းကြီးက လိုလားအပ်သော သားကောင်း ရတနာများ ပေါ်ထွက်လာရေးတို့အတွက် ဆရာကောင်း၊ ဆရာမြတ် များ ကမ္ဘာအနှံ့ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ နိုင်ငံတကာ အလုပ်သမားအဖွဲ့၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ တို့က ကမ္ဘာ့ဆရာများနေ့ကို အသိအမှတ်ပြုထားသည်။ 


၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာန အောက်ရှိ အခြေခံပညာအထက်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများအား ဇွန် ၁ ရက်မှစ၍ မြန်မာနိုင်ငံတစ်ဝန်း တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အနန္တော၊ အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများသည် "အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့"ဟူသော ဆရာကျင့်ဝတ် ငါးသွယ်ကို ကျေပွန်စွာထမ်းဆောင်နေကြသည်။


ထိုကာလတွင် မိမိတစ်ပါတီကောင်းစားရေးကို ရှေးရှု၍ နိုင်ငံရေးအမြတ်ထုတ်လိုသူများ၊ နိုင်ငံရေးအစွန်းရောက် NLD ပါတီဝင် များနှင့် ၎င်းတို့ကို ထောက်ခံသူများ NUG၊ CRPH နှင့် PDF စသည့် အဖွဲ့အစည်းများသည် ပညာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရန် Social Punishement ပြုလုပ်ခြင်း၊ လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ စာသင်ကျောင်းများကို မိုင်းများ၊ လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းများအပြင် ဆရာ၊ ဆရာမများကို စာပေသင်ကြားမှု မပြုနိုင်စေရန် ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်တိုက်ခိုက်ခြင်း အသက်ကိုအန္တရာယ်ပြု သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသောကြောင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းများ အသက်ဆုံးရှုံးကြခြင်းများအထိ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မိသားစုများနှင့် ထပ်တူအထူးဝမ်းနည်းကြေကွဲ ရပါကြောင်း အသိအမှတ်ပြု သတင်းထုတ်ပြန်လျက်ရှိသည်။


နိုင်ငံအနာဂတ် ရင်သွေးငယ်များ၏ စာပေပညာ၊ တတ်မြောက် ရေး၊ ပညာရည်မြင့်မားရေးအတွက်  အခက်အခဲမျိုးစုံကြားမှ သင်ကြားရေးတာဝန်များကို ကြိုးပမ်းထမ်းဆောင် လျက်ရှိသည့် ဆရာ၊ ဆရာမများ ဘေးကင်းလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိရာ မိဘပြည်သူများကပါ  အနန္တဂိုဏ်းဝင်  ဆရာ၊ ဆရာမများ ဘေးအန္တရာယ်ကင်းရှင်းစွာ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ ထားကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းအပ်ပေသည်။






အခြားဆက်စပ်သတင်းများ