နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပူဒဏ်နှင့် ခရမ်းလွန်ရောင်ခြည်

နွေဦးကာလ ချဉ်းနင်းဝင်လာပြီဖြစ်၍ အပူရှိန်တဖြည်းဖြည်း မြင့်တက်လာနေသည်။ ထို့ကြောင့် ကျန်းမာရေးအတွက် အပူဒဏ် ကို ကာကွယ်နိုင်ရန် အထူးသတိပြု ဆင်ခြင်ကြရမည်ဖြစ် သည်။ အပူချိန်လွန်ကဲမှုကာလတွင် အထူးသတိပြုရမည်မှာ နေရောင်ခြည်အပူရှိန်နှင့် တွဲလျက် ခရမ်းလွန်ရောင်ခြည်လွန်ကဲ နေမှုကိုပါ သတိထားကြရမည်ဖြစ်သည်။


ခရမ်းလွန်ရောင်ခြည်သည် လိုသည်ထက်ပိုများလျှင် လူတို့၏ ကျန်းမာရေးကိုထိခိုက်နိုင်သဖြင့် သတိပြုရခြင်းဖြစ်ပေသည်။ အထူးသဖြင့် နေ့စဉ်အပူချိန်အပြင်းဆုံးဖြစ်သည့် မွန်းတည့်ချိန်တွင် သတိထားရမည်ဖြစ်သည်။ အပြင်ထွက်လျှင် အကာအကွယ် အရိပ်ရှာသွားကြရန်နှင့် အကာအကွယ်မပါဘဲ နေပူထဲသို့ မထွက်ကြရန်လိုအပ်သည်။


ခရမ်းလွန်ရောင်ခြည်သည် လူကို အကျိုးပြုစေသည့် ဗီတာမင် ဒီဓာတ် ပါဝင်သော်လည်း အပူလွန်ကဲစွာဖြစ်ပေါ်ပါက အန္တရာယ် ဖြစ်စေသည်။ အဓိကအားဖြင့် အရေပြားကင်ဆာရောဂါကဲ့သို့ အရေပြားလောင်ခြင်း၊ ခြောက်သွေ့အိုမင်းအရွယ်ကျခြင်း၊ ချွေးထွက်လွန်၍ အားအင်ကုန်ခန်းခြင်း၊ မျက်စိတိမ်စွဲခြင်း၊ သားသမီးမရနိုင်ခြင်းတို့ ဖြစ်စေပြီး သက်ကြီးရွယ်အိုများနှင့် သွေးတိုး၊ နှလုံးရောဂါရှိသူများ အထူးသတိထားကြရမည်ဖြစ်သည်။


ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ်ရန်အတွက် ထီး၊ ဦးထုပ်ဆောင်းခြင်း၊ နေ့လယ်ခင်းရေချိုးခြင်း၊ အရက်သေစာ မသောက်စားခြင်း၊ အဝတ်အစားလက်ရှည်၊ နေရောင်ကာမျက်မှန် တို့ကို အသုံးပြုခြင်းတို့ဖြင့် ကာကွယ်ကြရမည်ဖြစ်သည်။


နွေရာသီအပူဒဏ်ကြောင့် လူအများ ချွေးထွက်လွန်ခြင်း၊ ဆားဓာတ်ရေဓာတ် လျော့နည်းခြင်း၊ ကြွက်တက်ခြင်း၊ မောပန်း လွယ်ခြင်း၊ ချွေးခြောက်ပြီး ကိုယ်အပူချိန်တက်ခြင်း၊ အရေပြား လောင်ခြင်း စသည့် ရောဂါများဖြစ်ပွားတတ်သည်။


အပူဒဏ်ကို ကာကွယ်ရန်အတွက် မိမိ၏ ကျန်းမာရေးကို မိမိကိုယ်တိုင် စောင့်ရှောက်ကာ ရာသီဥတုကို သတိပြုဆင်ခြင် နေထိုင်ကြရန် တိုက်တွန်းအပ်ပေသည်။






အခြားဆက်စပ်သတင်းများ