နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နို့နှင့် နို့ထွက်ပစ္စည်းများ တိုးမြှင့်စားသုံးရေး ကြိုးပမ်း

မြန်မာနိုင်ငံတွင်   နို့စားနွားမွေးမြူရေးလုပ်ငန်းသည် ကျေးလက်ဒေသတွင် အဓိကလုပ်ငန်းတစ်ရပ်တွင် ပါဝင်ပြီး အရင်းအနှီးများသည့် လုပ်ငန်းလည်းဖြစ်သည်။ ကျေးလက်နေ တောင်သူလယ်သမားများအတွက် နို့စားနွားမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပါက လူမှုစီးပွားဘဝလည်း မြင့်မားလာမည် ဖြစ်သည်။


ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် နှစ်စဉ်တင်သွင်းနေရသော နို့နှင့် နို့ထွက်ပစ္စည်းများ  လျော့နည်းသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အဖြစ်များသော အာဟာရပြဿနာများမှာ ပရိုတင်းချို့တဲ့ ရောဂါ၊ သံဓာတ်ချို့တဲ့ရောဂါ၊ ဗီတာမင်ဘီဝမ်းချို့တဲ့ (ဘယ်ရီဘယ်ရီ) ရောဂါတို့ ဖြစ်ကြသည်။


ကျေးလက်ဒေသနေ ပြည်သူများအနေဖြင့် အာဟာရချို့တဲ့ ခြင်းနှင့် နောက်ဆက်တွဲကျန်းမာရေးထိခိုက်ခြင်းများမှ ကာကွယ် နိုင်ရန် မိမိဒေသထွက် အာဟာရအုပ်စု သုံးစုတွင်ပါဝင်သည့် အစားအစာများကို မျှတစွာ စားသုံးရန်လိုအပ်သည်။


နွားနို့ကို နေ့စဉ်သောက်သုံးခြင်းဖြင့် သန်မာထွားကျိုင်း ဉာဏ်ရည်ဖွံ့ဖြိုးသော လူငယ်လူရွယ်များအဖြစ် ရောက်ရှိမည် ဖြစ်သည်။ နွားနို့တွင် သကြားဓာတ်၊ အဆီဓာတ်၊ အသားဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်နှင့် အင်ဇိုင်းဓာတ်များ ပါဝင်သကဲ့သို့ အမိုင်နိုအက်ဆစ် ၁၈ မျိုး ပါဝင်ကြောင်းသိရသည်။


ကျေးလက်နေတောင်သူလယ်သမား အများစုသည် ရှေးရိုးစွဲ အလုပ်များကိုသာ လုပ်ကိုင်နေကြသည့်အတွက် မွေးမြူရေး အသိပညာနည်းပါးခြင်းကို သက်ဆိုင်ရာဌာနများက နည်းမှန်၊ လမ်းမှန် စနစ်မှန် မွေးမြူတတ်စေရန် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်လာမည်ဖြစ်သည်။


သို့ဖြစ်ရာ အနာဂတ်တွင် ကိုယ်ခန္ဓာကြံ့ခိုင်သော လူမျိုးဖြစ် ရေး အာဟာရဓာတ်ပြည့်ဝသော နွားနို့သောက်သုံးခြင်း အလေ့အထဖြစ်ရေး အာဟာရမြှင့်တင်ရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်မှုများကို လိုအပ်ပေသည်။

မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့မှု ရာခိုင်နှုန်းများနေသည် ဟု ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားရာ သက်ဆိုင်ရာဌာနများ၏ အာဟာရဖွံ့ဖြိုးရေး အသိပညာပေး နှိုးဆော်ချက်များအတိုင်း လိုက်နာကျင့်သုံး၍ နေ့စဉ်နွားနို့ သောက်သုံးမှုကိုပါ မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ကျန်းမာကြံ့ခိုင် သော နိုင်ငံသားများဖြစ်လာစေရေး ကြိုးပမ်းရန် တိုက်တွန်းအပ် ပေသည်။






အခြားဆက်စပ်သတင်းများ