နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးအတွက် စားသုံးဆီလျှော့ချသုံးစွဲရေး အရှိန်မြှင့်တင်ဆောင်ရွက်

ကမ္ဘာ့လူဦးရေသည် လာမည့် ၂၀၅၀ ပြည်နှစ်တွင် ကိုးဘီလီ ယံအထိ တိုးပွားလာနိုင်သည်ဟု ပညာရှင်များက ခန့်မှန်းထား ကြသည်။ ယနေ့ ကမ္ဘာကြီးတွင် လူဦးရေ ခုနှစ် ဘီလီယံအထိ ရောက်ရှိနေပြီဖြစ်သည်။ ကမ္ဘာ့လူသားအားလုံး၏ နေ့စဉ်လိုအပ် နေသည့် စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် နိုင်ငံ အသီးသီးရှိ အစိုးရများက ကြိုးပမ်းဆောင်ရွက်နေကြသည်။


လူတိုင်းသက်တမ်းစေ့နေနိုင်ရေးအတွက် အာဟာရပြည့်ဝ သော စားနပ်ရိက္ခာများ ထုတ်လုပ်ရရှိရန်လည်းလိုအပ်သည်။ ကမ္ဘာ့ပြည်သူများအတွက် အစားအစာဖူလုံမှုနှင့် အာဟာရပြည့် ဝမှုအပေါ် စိန်ခေါ်မှုအဖြစ် စားနပ်ရိက္ခာဖြည့်တင်းနိုင်မှုစနစ် တည်တံ့ခိုင်မာရေးသည် အဓိကကျနေသည်။


စားနပ်ရိက္ခာအတွက် စိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက် လာခြင်းမှသည် ငတ်မွတ်သူပပျောက်ရေးအထိ အစီအစဉ်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် လယ်ယာ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် သားငါးကဏ္ဍသည် ထိန်းချုပ်နိုင်စွမ်းမရှိသည့်   သဘာဝသယံဇာတနှင့် ရာသီဥတုအပေါ်မှီ ခိုနေရသဖြင့် စားနပ် ရိက္ခာထုတ်လုပ်ရာတွင် အခက်အခဲများစွာကြုံနေရသည်။


သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင် ထိန်းသိမ်းစောင့် ရှောက်ရေးတွင် စားနပ်ရိက္ခာဖူလုံမှုကို အထောက်အကူပြုနေ သည့် အစိမ်းရောင်စီးပွားရေးစနစ်သည် အရေးပါလျက်ရှိသည်။ မြန်မာနိုင်ငံတွင် လက်ရှိအနေဖြင့် စားနပ်ရိက္ခာဖူလုံပိုလျှံမှုရှိ သော်လည်း၊ နောင်တိုးပွားလာမည့် လူဦးရေအတွက် ရေရှည် မျှော်မှန်းပြီး ရေတိုရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက် ရှိသည်။


ကမ္ဘာတစ်ဝန်းထုတ်လုပ်သည့် စားနပ်ရိက္ခာအားလုံး၏ သုံးပုံ တစ်ပုံသည် အလဟဿအလေအလွင့်ဖြစ်ခဲ့ရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက ထုတ်ပြန်ထားသည်ကို တွေ့ရ သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကုန်ထုတ်လုပ်ချိန်၌ ပျက်စီး ဆုံးရှုံး ခြင်းဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စားနပ်ရိက္ခာကို စားသုံး ချိန်တွင် အလဟဿဖြစ်ရကြောင်း ဖော်ပြထားသည်။ 


မိမိတို့နိုင်ငံတွင်လည်း ပြည်တွင်းဒေသအသီးသီးမှ ထွက်ရှိ သော အသား ငါး၊ ဟင်းသီးဟင်းရွက်တို့ကို ဆီပေါများစွာဖြင့် ချက်ပြုတ်စားသုံးခြင်း ဆီကိုလိုသည်ထက် ပိုမိုသုံးစွဲခြင်းသည် ကျန်းမာရေးထိခိုက်စေသကဲ့သို့ စားသုံးဆီကို နိုင်ငံခြားမှ ဝယ်ယူ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေယိုပေါက်ပိုမိုမြင့်မားလာစေ သည်။


မြန်မာပြည်သူတို့ အဓိကဝယ်ယူစားသုံးနေကြသည့် စားအုန်း ဆီကို နှစ်စဉ်နိုင်ငံခြားမှ တန်ချိန်ကိုးသိန်းကျော် ဝယ်ယူတင် သွင်းနေရကြောင်း သိရသည်။ သို့ဖြစ်ရာ ပြည်တွင်းဆီထွက်သီးနှံ များတိုးမြှင့်ထုတ်လုပ်ခြင်း၊ ပြည်တွင်းဆီ စားသုံးမှုများပြားနေ သည်ကို လျှော့ချခြင်းဖြင့် နိုင်ငံတော်နှင့်ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။


လူသားများအတွက် အမှန်တကယ်လိုအပ်ချက်ဖြစ်သော အာဟာရပြည့်ဝစွာ စားသုံး၍ လူ့သက်တမ်းစေ့သက်ရှည်ကျန်းမာ စွာ စားသောက်နေနိုင်ရေးလိုအပ်ချက်များကို အလေးအနက်ထား ကာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့်ပြည်သူ့တို့ အတွက် အကျိုးရှိစေမည့် လုပ်ငန်းရပ်ဖြစ်၍ အလေးထားပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပေသည်။






အခြားဆက်စပ်သတင်းများ