နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပတစ်တိုက်လုံး နျူကလီးယားအန္တရာယ် ကျရောက်နိုင်ကြောင်း ယူကရိန်းသမ္မတသတိပေး

  ကီယက်ဗ်၊  မတ်  ၅


စွမ်းအင်ထုတ်လုပ်ရာတွင် အရေး ပါသည့် ယူကရိန်းတောင်ပိုင်း အီနာဟိုဒါ မြို့ရှိ ဥရောပအကြီးဆုံးနျူကလီးယား စက်ရုံကို မတ် ၄ ရက်က ရုရှားလက်နက် ကြီးထိမှန်ခဲ့ခြင်းကြောင့် ဥရောပတစ် တိုက်လုံး နျူကလီးယားအန္တရာယ်ကျ ရောက်လာနိုင်ကြောင်း ယူကရိန်း သမ္မတဇာလန်စကီးက အရေးပေါ်ဗီဒီ ယိုမိန့်ခွန်းထုတ်ပြန် သတိပေးလိုက် သည်။ လက်ရှိတွင် မီးကိုပြန်လည်ငြိမ်း သတ်နိုင်ပြီဖြစ်ကာ စက်ရုံဘေးကင်း လုံခြုံနေပြီဖြစ်သော်လည်း နျူကလီး ယားစက်ရုံအနီးတွင် ရုရှားတပ်များ အင်အားသုံး တိုက်ခိုက်နေခြင်းကို ရပ်တန့်ရန်နှင့် ဓာတ်ပေါင်းဖိုများကို လက်နက်ကြီးထိမှန်ပါက အလွန်ဆိုး ရွားသည့် ဘေးအန္တရာယ်ကျရောက် နိုင်ကြောင်း နိုင်ငံတကာအဏုမြူစွမ်း အင်အေဂျင်စီ( IAEA)က သတိပေး ထားသည်။ 


ယင်းနှင့်ပတ်သက်ပြီး အမေရိကန် သမ္မတဂျိုး ဘိုင်ဒန်၊ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးနှင့် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိစ်ပိန်းအပါ အဝင် ကမ္ဘာ့ခေါင်းဆောင်များကလည်း ရုရှားကို ရှုတ်ချခဲ့ကြပြီး တိုက်ပွဲများ ချက်ချင်းရပ်ရန် တိုက်တွန်းခဲ့သည်။  ရုရှားသမ္မတပူတင်၏ မဆင်မခြင်လုပ် ရပ်များသည် ဥရောပတိုက်တစ်ခုလုံး၏ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက် နေပြီဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားထား သည် ။                        (ref: Reuters)






အခြားဆက်စပ်သတင်းများ