နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုကလေးပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်းဆင်းပွဲ ကျင်းပ

ဘိုကလေး မတ် ၅


ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေး ပညာရေး ဒီဂရီကောလိပ်တွင် ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့၌ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ် ပညာသင်တန်း (၇/၂၀)  စတင်ဖွင့်လှစ်ပြီး မတ် ၃ ရက် နံနက် ၉ နာရီတွင် အဆိုပါကောလိပ် ပညာဂုဏ်ရည်ခန်းမ၌ သင်တန်းဆင်းပွဲ ကျင်းပသည်။


သင်တန်းသို့ သင်တန်းသား/သူ ၂၅၆ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းပွဲတွင် ဘိုကလေးပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်က သင်တန်းဆင်းအမှာစကား ပြောကြားခြင်း၊ သင်တန်းကာလတစ်လျှောက် ထူးချွန်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအားဆုများ ပေးအပ်ချီးမြှင့်ခြင်း၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းတို့ဆောင်ရွက်ပြီး သင် တန်းသား၊ သင်တန်းသူများ ကိုယ်စားသင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။            မိုးစက်(ဘိုကလေး)






အခြားဆက်စပ်သတင်းများ