နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချစ်ခြင်းမေတ္တာတရားနှင့် နွေးထွေးစွာ လွှမ်းခြုံ

လောက၌ သားသမီးသုံးမျိုးရှိကြောင်း ပုတ္တဒါရဿင်္ဂဟ မင်္ဂလာ၌ ဖော်ညွှန်းထားသည်။ မိဘထက် သီလ၊ သမာဓိ၊ အကျင့် သာ လွန်သူကို အတိကတသားသမီးဟု ခေါ်သည်။ မိဘနှင့် သီလ၊ သမာဓိ၊ ပညာတူသောသူကို အနုဇာတ သား၊ သမီးဟုဆိုသည်။ မိဘအောက်သီလ၊ သမာဓိ၊ အကျင့်၊ ညံ့ဖျင်းသောသူများကို အဝဇာတသား၊ သမီးဟု ခေါ်သည်။


မိဘသည်ဘဝပေးအခြေအနေအရ နိမ့်ပါးနေသော်လည်း သား၊ သမီးများအနေဖြင့် ဘဝမြင့်မားသည်ထက် မြင့်မားအောင် ကြိုးစားအားထုတ်ရမည်သာဖြစ်သည်။ သို့မှသာ အမျိုးကောင်း သား၊ အမျိုးကောင်းသမီးများ အမှန်ပင်ဖြစ်လာနိုင်သည်။


မွေးစမှ အသက် ၁၈ နှစ်မပြည့်သေးသူများကို ကလေးဟု သတ်မှတ်ထားသည်။ ကလေးများဘဝကောင်းမွန်စွာရှင်သန် ဖွံ့ဖြိုးပံ့ပိုးပေးရန် လူတိုင်းတွင် တာဝန်ရှိသည်။ ကလေးများသည် အနာဂတ်ခေါင်းဆောင်များဖြစ်ကြပြီး ကောင်းမွန်စွာပြုစုပျိုး ထောင်ခြင်းသည် အနာဂတ်ခေါင်းဆောင်ကောင်းများမွေးထုတ်ပေးရာ ရောက်ပေသည်။


မိဘများသည် ယင်းတို့ပင်ပန်းနေချိန် (သို့မဟုတ်) စိတ်ဖိစီးမှု ရှိနေချိန်တွင် ကလေးများကိုဆုံးမရန် နည်းလမ်းတစ်ခုအနေဖြင့် လေးများကိုရိုက်နှက်ဆုံးမခြင်း၊ အရှက်ရစေခြင်းတို့ကို ပြုလုပ် လေ့ရှိကြသည်။


သို့သော် ရိုက်နှက်ခြင်း၊အရှက်ရအောင်ပြုမူခြင်းနှင့် အခြား ကြမ်းတမ်းသည့်နည်းလမ်းများသည် ကလေးများအား ရုပ်ပိုင်း ဆိုင်ရာ ထိခိုက်စေခြင်း၊ မိမိကိုယ်မိမိယုံကြည်မှု လျော့ကျစေခြင်း၊ ကလေးအား ကြောက်စိတ်ဝင်စေပြီး စိတ်ဓာတ်ကျစေခြင်း၊ ရန်လိုတတ်ခြင်း၊ ဒေါသနှင့်ဝမ်းနည်းသိမ်ငယ်စိတ်ကို ဖြစ်ပေါ်စေ ခြင်း၊ မိဘနှင့်ကလေးဆက်ဆံရေး ပျက်ပြားစေခြင်းတို့ဖြစ်ပေါ်စေ သည်။ ကလေးများအား ရိုက်နှက်ခြင်းနှင့်အရှက်ရစေရန် အပြစ် ပေးခြင်းဖြင့် ကလေးများအား သွန်သင်ခြင်းသည် မှန်ကန်သော နည်းလမ်းမဟုတ်ပေ။ 


စည်းကမ်းဆိုသည်မှာ သင်ကြားလမ်းညွှန်ခြင်းကိုဆိုလို သည်။ အပြုသဘောဆောင်သော သင်ကြားလမ်းညွှန်ခြင်း ဆိုသည်မှာ ကလေးများအား လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်း၊ အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်ခြင်း နှင့် ကလေးတို့၏ သင်ယူမှုများတွင် ပါဝင်ခွင့်ပေးခြင်းဖြင့် ကလေး များ၏ အမူအကျင့်များကို လမ်းညွှန်ပေးသည့် ချဉ်းကပ်မှု တစ်ခုဖြစ်ပေသည်။


ဆယ်ကျော်သက်အရွယ်များတွင် လွတ်လပ်စွာနေလိုကြ သည်။ သူတို့၏ ဆန္ဒများကို အလေးထားပြီး မှန်ကန်သော သွန်သင်မှုဖြင့် မိဘတို့၏ ယုံကြည်မှုကို ပြသသင့်ပေသည်။


ထိုအရွယ်သားသမီးများကို ချစ်ခြင်းမေတ္တာနှင့်နွေးထွေးစွာ ဆွေးနွေးလမ်းပြလွှမ်းခြုံပေးသင့်သည်။ ရိုးရှင်းသော စည်းကမ်း ချက်နှင့် လိုက်နာနိုင်သော ကန့်သတ်ချက်များကို သား၊ သမီးများ အပေါ်သတ်မှတ်ထိန်းကျောင်းပေးသင့်သည်။


သားသမီးများအနေဖြင့်လည်းကောင်းစွာပြုမှုနေထိုင်ခြင်း ဖြင့် မိဘများ၏ ဂုဏ်ကိုတိုးပွားစေသကဲ့သို့ မိဘများ၏ မျှော်လင့် ချက်ကို သားသမီးများက ကောင်းစွာသဘောပေါက်နားလည်ကာ စွမ်းဆောင်လိုက်နာနိုင်မှုကသာလျှင် အဓိကကျသည့်ဆုံးမ သွန်သင်မှုဖြစ်ကြောင်း နားလည်သဘောပေါက်စေသင့်ပေသည်။






အခြားဆက်စပ်သတင်းများ