နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လိုင်လီအသင်း တိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်အတွက် ပေါင် ၄၆ သန်း ပြောင်းရွှေ့ကြေး သတ်မှတ်

မတ်  ၄


အာဆင်နယ်အသင်းက  ခေါ် ယူရန် ပြင်ဆင်နေသည့် လိုင်လီ အသင်း၏ တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်ကို     ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၄၆ သန်း သတ် မှတ်ခဲ့ကြောင်း သိရသည်။


အသက် ၂၂ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဂျိုနသန်ဒေးဗစ် သည် လိုင်လီအသင်းနှင့် ၂၀၂၅ ခုနှစ်မှ စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သော်လည်း ယင်းအနေဖြင့် လာမည့်နွေရာသီ အပြောင်းအရွှေ့တွင် အသင်းမှ ထွက်ခွာရန် ပြင်ဆင်နေကာ ချန်ပီယံလိဂ်ကစားရမည့် အသင်းတစ်သင်းသို့ ပြောင်းရွှေ့ ရန်   ဆန္ဒရှိနေခြင်းကြောင့် အာဆင်နယ်အသင်းအနေဖြင့် ယခုနှစ် ဘောလုံးရာသီအကုန် တွင် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့ ပါက   ဂျိုနသန်ဒေးဗစ်ကို ခေါ်ယူ နိုင်ရန် သေချာနေသည်။


အာဆင်နယ်အသင်းသည် အူဘာမီယန်း၏ နေရာတွင် အစားထိုးနိုင်ရန် တိုက်စစ်မှူး တစ်ဦးခေါ်ယူရန် ကြိုးပမ်းလျက် ရှိရာ လိုင်လီ အသင်း တိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်ကို ပစ်မှတ်ထား ချိတ်ဆက်နေခြင်းဖြစ်သည်။


လိုင်လီအသင်း တိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်သည် ယခုနှစ် ဘောလုံးရာသီတွင် အသင်း တိုက်စစ်ပိုင်းကို ဦးဆောင်နေ သကဲ့သို့ ပြိုင်ပွဲစုံ ၃၄ ပွဲ ပါဝင် ကစားခဲ့ရာတွင် သွင်းဂိုး ၁၆ဂိုး ထိ သွင်းယူကာ ခြေစွမ်းပြကစား နေသူဖြစ်သည်။            

                             (သူရိန်)






အခြားဆက်စပ်သတင်းများ