နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အလုံမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် မြို့နယ်လုံးကျွတ် စုပေါင်းပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်

ရန်ကုန် ဧပြီ ၃ ကမ္ဘာတစ်ဝန်းတွင် ကူးစက်ပျံ့နှံနေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် အလုံ မြို့နယ်တွင် ဧပြီ ၂ ရက်၊ ညနေ ၃ နာရီခွဲက မြို့နယ်လုံးကျွတ်တတိယနေ့ စုပေါင်းပိုးသတ်ဆေးဖျန်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင် များ၊ အလုံမြို့နယ် လူငယ်အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့ဝင်များသည် ရပ်ကွက် အတွင်းရှိ လမ်းသွယ်များ၊ လမ်းမကြီးများကို ကားများဖြင့်လည်းကောင်း၊ ဆေးပုံးများကို ကျောလွယ်၍ လည်းကောင်း၊ ပိုးသတ်ဆေးများဖျန်းခဲ့သည်။ အဆိုပါ ဆေးဖျန်းခြင်းလုပ်ငန်းကို မြို့နယ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အလုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ကြက်ခြေနီအသင်း၊ လူမှုရေးအသင်းအဖွဲ့များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်သည်။ အလုံမြို့နယ်တွင် ရပ်ကွက် (၁၁) ရပ်ကွက်ရှိရာ မတ် ၃၁ ရက်တွင် ရပ်ကွက်(၄) ရပ်ကွက်ကို စတင်ဆောင်ရွက်ခဲ့ပြီး ဧပြီ ၁ ရက်၊ ည ၉ နာရီတွင် ဌာနာရပ်ကွက်၊ ဆင်မင်း ရပ်ကွက်၊ ဂဠုန်ရပ်ကွက်၊ လွတ်လပ်ရေးရပ်ကွက်များကိုလည်းကောင်း၊ ဧပြီ ၃ ရက်တွင် စော နောက်ရပ်ကွက်၊ သစ်တောရပ်ကွက်၊ ကရင်ခြံရပ်ကွက်များကိုလည်းကောင်း မြို့နယ်လုံးကျွတ်ပြီးမြောက် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ အလုံမြို့နယ်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို စဉ်ဆက်မပြတ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အများပြည်သူဝင်ထွက်သွားလာသည့် နေရာများ၊ စျေးများ၊ ကားမှတ်တိုင် များ၊ ရပ်ကွက်များကို သတ်မှတ်ရက်များအလိုက် ပိုးသတ်ဆေးဖျန်းခြင်းများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ တင်တင်ချိုပြန်/ဆက်






အခြားဆက်စပ်သတင်းများ