နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပူပြင်းသောရာသီနှင့် မီးဘေးအန္တရာယ်

မြန်မာနိုင်ငံတွင် ပူပြင်းခြောက်သွေ့သော ရာသီတွင် မီးလောင် မှုသတင်းများ မကြာခဏကြားနေရသည်။ မီးသည်သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူဟု ဆိုကြသည်။ မိမိတို့ နိုင်ငံတွင် နှစ်စဉ်မီးလောင်မှုများကြောင့် မလိုလားအပ်သော အသက်၊ အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးရမှုလျော့နည်းပြီး တဖြည်းဖြည်း ပပျောက်သွားစေရန် လူတိုင်းမီးကိုဂရုပြုသုံးစွဲသင့်သည်။


မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၁ ခုနှစ်က မီးလောင်မှု ၂၀၁၇ ကြိမ် ဖြစ်ပွားကြောင်း ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ခန့်မှန်းငွေကျပ် ၃၃ ဘီလီယံတန်ဖိုးရှိသည်။ ၂၀၂၀ ပြည့်နှစ်က နိုင်ငံတစ်ဝန်း မီးလောင်မှု ၂၀၃၉ ကြိမ်ဖြစ်ပွားမှုနှင့် နှိုင်းစာလျှင် အနည်းငယ်သာ လျော့ကျခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရ သည်။


မိမိတို့ နိုင်ငံတွင် ဖြစ်ပွားသော မီးလောင်မှုများတွင် ပေါ့ဆ မှုကြောင့် လောင်ကျွမ်းသော မီးလောင်မှုမှာ အများဆုံးဖြစ် ကြောင်း သက်ဆိုင်ရာဌာနသုံးသပ်ချက်များအရ သိရပေသည်။


မီးဘေးကြိုတင်ကာကွယ်ရေးတွင် အဓိကကျသည့် မီးသုံး စွဲလျှင် အမြဲသတိရှိပြီး လူစောင့်ထားခြင်း၊ မီးဖိုအနီးတွင် လောင်စာဆီများမထားခြင်း၊ မီးဖိုများကို မြေကျင်းတူးစနစ် တကျအသုံးပြုခြင်း၊ မီးဖိုအား စနစ်တကျကာရံထားခြင်း၊ ကလေးသူငယ်များအား မီးမဆော့ရန် ထိန်းသိမ်းခြင်း၊ မီးခွက်၊ မီးအိမ်၊ ဖယောင်းတိုင်များ ထရံနှင့်ခြင်ထောင်နီးတွင် မထွန်း ခြင်း၊ လယ်ကွင်းအတွင်း မီးအသုံးမပြုခြင်းနှင့် တောမီးရှို့ခြင်းများ မပြုလုပ်ရေးလိုက်နာဆောင်ရွက်ရန် လိုအပ်သည်။


မီးလောင်မှုဖြစ်ပွားလျှင် ထွက်မပြေးဘဲ ပတ်ဝန်းကျင်ကို အကူအညီတောင်းကာ မီးစတင်လောင်ကျွမ်းချိန်တွင် စနစ်တကျ ငြိမ်းသတ်နိုင်လျှင် မီးလောင်ဆုံးရှုံမှုမများနိုင်ကြောင်း မီးသတ် ဦးစီးဌာနက နှိုးဆော်ထားသည်။


နှစ်စဉ်မီးလောင်မှုများ လျော့ကျသွားနိုင်ရေးအတွက် မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ လက်အောက်ရှိ တိုင်းဒေသကြီး ၊ ပြည်နယ်၊ ခရိုင်မြို့နယ် အသီးသီးတို့၌ မီးသတ်ဖွဲ့ဝင်များက မီးဘေး ကြိုတင် ကာကွယ်ရေးလုပ်ငန်း အစီအမံများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ မီးဘေးကြိုတင်ကာကွယ်ရေး၊ ပြည်သူလူထုအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသကဲ့ သို့ မီးဘေးဖြစ်ပွားပါကလည်း လျင်လျင်မြန်မြန် မီးငြှိမ်းသတ်နိုင် ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို မြို့နယ်များအလိုက် ဆောင်ရွက်လျက်ရှိသည်။ လူ၊ ရေ၊ ယာဉ်ယန္တရားစသည်ဖြင့် အသင့်ဖြစ်နေစေရန် ပြင်ဆင်ထားကြသည်။


မီးသတ်ဦးစီးဌာနသည် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို သတိမူလာရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသော်လည်း ပြည်သူများ လိုက်နာမှုအားနည်း ကြောင်းတွေ့ရပေသည်။ 


ထို့ကြောင့် ပြည်သူများလိုက်နာမှုအား  နည်းခြင်း၊ ဂရုမပြုခြင်းတို့ကြောင့် မလိုအားအပ်သော ဆုံးရှုံးမှု များလျော့နည်းသွားစေရန် မီးသုံးစွဲသူများအားလုံးက ကြိုတင် ကာကွယ်စောင့်ရှောက်စေချင်ကြောင်း။ ။ပူပြင်းသောရာသီနှင့် မီးဘေးအန္တရာယ် 


မြန်မာနိုင်ငံတွင် ပူပြင်းခြောက်သွေ့သော ရာသီတွင် မီးလောင် မှုသတင်းများ မကြာခဏကြားနေရသည်။ မီးသည်သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူဟု ဆိုကြသည်။ မိမိတို့ နိုင်ငံတွင် နှစ်စဉ်မီးလောင်မှုများကြောင့် မလိုလားအပ်သော အသက်၊ အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးရမှုလျော့နည်းပြီး တဖြည်းဖြည်း ပပျောက်သွားစေရန် လူတိုင်းမီးကိုဂရုပြုသုံးစွဲသင့်သည်။


မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၁ ခုနှစ်က မီးလောင်မှု ၂၀၁၇ ကြိမ် ဖြစ်ပွားကြောင်း ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ခန့်မှန်းငွေကျပ် ၃၃ ဘီလီယံတန်ဖိုးရှိသည်။ ၂၀၂၀ ပြည့်နှစ်က နိုင်ငံတစ်ဝန်း မီးလောင်မှု ၂၀၃၉ ကြိမ်ဖြစ်ပွားမှုနှင့် နှိုင်းစာလျှင် အနည်းငယ်သာ လျော့ကျခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရ သည်။


မိမိတို့ နိုင်ငံတွင် ဖြစ်ပွားသော မီးလောင်မှုများတွင် ပေါ့ဆ မှုကြောင့် လောင်ကျွမ်းသော မီးလောင်မှုမှာ အများဆုံးဖြစ် ကြောင်း သက်ဆိုင်ရာဌာနသုံးသပ်ချက်များအရ သိရပေသည်။


မီးဘေးကြိုတင်ကာကွယ်ရေးတွင် အဓိကကျသည့် မီးသုံး စွဲလျှင် အမြဲသတိရှိပြီး လူစောင့်ထားခြင်း၊ မီးဖိုအနီးတွင် လောင်စာဆီများမထားခြင်း၊ မီးဖိုများကို မြေကျင်းတူးစနစ် တကျအသုံးပြုခြင်း၊ မီးဖိုအား စနစ်တကျကာရံထားခြင်း၊ ကလေးသူငယ်များအား မီးမဆော့ရန် ထိန်းသိမ်းခြင်း၊ မီးခွက်၊ မီးအိမ်၊ ဖယောင်းတိုင်များ ထရံနှင့်ခြင်ထောင်နီးတွင် မထွန်း ခြင်း၊ လယ်ကွင်းအတွင်း မီးအသုံးမပြုခြင်းနှင့် တောမီးရှို့ခြင်းများ မပြုလုပ်ရေးလိုက်နာဆောင်ရွက်ရန် လိုအပ်သည်။


မီးလောင်မှုဖြစ်ပွားလျှင် ထွက်မပြေးဘဲ ပတ်ဝန်းကျင်ကို အကူအညီတောင်းကာ မီးစတင်လောင်ကျွမ်းချိန်တွင် စနစ်တကျ ငြိမ်းသတ်နိုင်လျှင် မီးလောင်ဆုံးရှုံမှုမများနိုင်ကြောင်း မီးသတ် ဦးစီးဌာနက နှိုးဆော်ထားသည်။


နှစ်စဉ်မီးလောင်မှုများ လျော့ကျသွားနိုင်ရေးအတွက် မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ လက်အောက်ရှိ တိုင်းဒေသကြီး ၊ ပြည်နယ်၊ ခရိုင်မြို့နယ် အသီးသီးတို့၌ မီးသတ်ဖွဲ့ဝင်များက မီးဘေး ကြိုတင် ကာကွယ်ရေးလုပ်ငန်း အစီအမံများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ မီးဘေးကြိုတင်ကာကွယ်ရေး၊ ပြည်သူလူထုအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသကဲ့ သို့ မီးဘေးဖြစ်ပွားပါကလည်း လျင်လျင်မြန်မြန် မီးငြှိမ်းသတ်နိုင် ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို မြို့နယ်များအလိုက် ဆောင်ရွက်လျက်ရှိသည်။ လူ၊ ရေ၊ ယာဉ်ယန္တရားစသည်ဖြင့် အသင့်ဖြစ်နေစေရန် ပြင်ဆင်ထားကြသည်။


မီးသတ်ဦးစီးဌာနသည် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို သတိမူလာရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသော်လည်း ပြည်သူများ လိုက်နာမှုအားနည်း ကြောင်းတွေ့ရပေသည်။ 


ထို့ကြောင့် ပြည်သူများလိုက်နာမှုအား  နည်းခြင်း၊ ဂရုမပြုခြင်းတို့ကြောင့် မလိုအားအပ်သော ဆုံးရှုံးမှု များလျော့နည်းသွားစေရန် မီးသုံးစွဲသူများအားလုံးက ကြိုတင် ကာကွယ်စောင့်ရှောက်စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ