နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးဆောင်ရွက်

ရန်ကုန်မြို့တော်ကြီးကို နိုင်ငံတကာမြို့တော်ကြီးများနှင့် အညီဖွံ့ဖြိုးတိုးတက်စေရန် ပြုပြင်ပြောင်းလဲမှုများပြုလုပ်လျက် ရှိသည်ကို မြင်တွေ့ရသည်။ ထိုသို့ ပြုပြင်ပြောင်းလဲမှုများတွင် ရန်ကုန်မြို့တော်ဧရိယာအတွင်းရှိ လမ်းများတွင် မော်တော်ယာဉ် များ လွယ်လင့်တကူမောင်းနှင်ရန်အတွက်လမ်းများ၊ လူသွား စင်္ကြံများပြုပြင်ခြင်း၊ တိုးချဲ့ခြင်းလုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်လျက်ရှိသည်။


ရန်ကုန်တိုင်းဒေသကြီး အစိုးရကလည်း ရန်ကုန်တိုင်း ဒေသကြီးကို စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာသန်စွမ်း၍ စိမ်းလန်းသာယာသန့်ရှင်းလှပသော စည်းကမ်းပြည့်ဝလုံခြုံသည့်တိုင်းဒေသကြီးအဖြစ် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။


ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းစနစ်တကျရှိစေရန် ထိန်းသိမ်းကြီးကြပ် ရေးသည် ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သို့ဖြစ်၍ စည်းကမ်းဖောက်ဖျက်မှုများကို တရားဥပဒေနှင့်အညီ အရေးယူမည့်အစီအစဉ်များ၊ စည်းကမ်းလိုက်နာစေရေးအတွက် ပညာပေးအစီအစဉ်များနှင့် အကောင်းဆုံးဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးတင်ပြရန် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လမ်းစည်းကမ်းစနစ် တကျဖြစ်စေရေးညှိနှိုင်းဆွေးနွေးပွဲကို မတ် ၁ ရက်က ရန်ကုန် တိုင်းဒေသကြီးအစိုးရရုံး အဖွဲ့အစည်းအဝေးခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ထည့်သွင်း မှာကြားခဲ့သည်။


အများပြည်သူတို့အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း  လိုက်နာတတ်သည့် အမူအကျင့်ရသည်အထိ ပညာပေးဆောင် ရွက်ရန်၊ မော်တော်ယာဉ်နှင့်လမ်းများကြောင့် ပတ်ဝန်းကျင်ထိ ခိုက်မှုမဖြစ်စေရေး စည်းကမ်းပျက်မော်တော်ယာဉ်များကို ဖမ်း ဆီးအရေးယူခြင်းမရှိသော်လည်း၊ စည်းကမ်းဖောက်ဖျက်သော ယာဉ်များပိုမိုများပြားလာမှုမရှိစေရေး၊ ကျူးလွန်သူနှင့်ပျက်ကွယ် သူများအားထိရောက် ပြစ်ဒဏ်များချမှတ်၍ အရေးယူဆောင် ရွက်သွားရန်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်များနှင့် လုပ်ငန်းကဏ္ဍအလိုက်ဌာနဆိုင်ရာများပါဝင်သော အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားရေး တာဝန်ရှိသူ အဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်သွားရန်မှာကြားခဲ့ပေသည်။


သို့ဖြစ်၍ ရန်ကုန်မြို့တော်ကြီးအား ဘက်ပေါင်းစုံမှပြုပြင် မွမ်းမံနေချိန်တွင် လူသွားစင်္ကြံနှင့်လမ်းများပေါ်တွင် အကျည်း တန်းအရုပ်မဆိုးစေရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ လမ်း စည်းကမ်းလိုက်နာရေးတို့ကို ကိုယ်စီ အသိစိတ်ဖြင့်ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပေးသည်။






အခြားဆက်စပ်သတင်းများ