နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်သူလယ်သမားစွမ်းအားရှင် များကို ဂုဏ်ပြုကြိုဆို

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော ကျေးလက် နေပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေးသည် အခြေခံကျ သည့် လုပ်ငန်းစဉ်ဖြစ်သည်။ စိုက်ပျိုးရေးကို အခြေခံထားသည့် နိုင်ငံဖြစ်၍ နိုင်ငံ၏ လူဦးရေနှင့်ထွက်ရှိသော စားနပ်ရိက္ခာ များဖူလုံသည့်အပြင် အပိုအလျှံများကို ပြည်ပသို့တင်ပို့ရောင်းချနိုင်သည်။


နေ့စဉ်တိုးတတ်နေသော လူဦးရေအတွက် စားနပ်ရိက္ခာဖူလုံ ပိုလျှံရေးမှာ လယ်ယာသားငါးကဏ္ဍအတွက် အလွန်အရေးကြီး သောအချက်ဖြစ်ပေသည်။ မြန်မာနိုင်ငံ၏ လူဦးရေသန်း ၆၀ နီးပါးသော ပြည်သူ၊ ပြည်သားများစားနပ်ရိက္ခာပြည့်စုံစွာစားသုံးနိုင်ရေး စိုက်ပျိုး၊ မွေးမြူထုတ်လုပ်ပေးနေကြသူများမှာ တောင်သူ လယ်သမား ဦးကြီးများဖြစ်သည်။


တောင်သူလယ်သမားဦးကြီးများသည် ပြည်သူများ၏ ကျေးဇူးရှင်ကြီးများလည်းဖြစ်သည်။ ထို့ကြောင့်ခေတ်အဆက် ဆက် တောင်သူလယ်သမား ဦးကြီးများကို လေးစားဂုဏ်ပြု သည့်အနေ ဖြင့် မတ် ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ပေးထားကာ နှစ်စဉ်အဆိုပါနေ့တွင် တောင်သူလယ် သမားနေ့ နိုင်ငံတစ်ဝန်းကျင်းပလျက်ရှိကြသည်။


နိုင်ငံတော်အနေဖြင့် ကျေးလက်ဒေသနေပြည်သူများ၏ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။ ကျေးလက်နေပြည်သူများ ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ ကျေးလက်သောက်သုံးရေနှင့်       စိုက်ပျိုးရေရရှိရေး၊ ကျေးလက်လျှပ်စစ်မီးလင်းရေး၊ ကျေးလက် ဒေသများ ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ကုန်ထုတ်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများ တိုးတက်ကောင်းမွန်လာရေး အစရှိ သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။


ကျေးရွာတိုင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးအခြေခံ၍ ကုန်ထုတ် စွမ်းအင်တိုးတက်ရေးရည်မှန်းချက်များ ထားရှိဖော်ဆောင်လျက် ရှိသည်။


ယခင်ကတည်းက ရင်းနှီးမြှုပ်နှံအကောင်အထည်ဖော်ပေး ခဲ့ သော ဆည်တမံကြီးများ၊ မြစ်ရေတင်စီမံကိန်းများ၊ ဆောင် ရွက် ပြီးစီး၊ ဆောင်ရွက်ဆဲ ဆည်ရေသောက်စနစ် ရာနှုန်းပြည့် ပြီးစီး ရေး အလေးထားဆောင်ရွက်ပေးနေခြင်း၊ စိုက်ပျိုးရေး စရိတ် များ ထုတ်ချေးပေးခြင်း၊ ခေတ်မီစိုက်ပျိုး၊ မွေးမြူရေးနည်းစနစ် နှင့် စက်ပစ္စည်းများ အသုံးပြုနိုင်အောင် ပံ့ပိုးဖြည့်ဆည်းပေးခြင်း တို့ကို အဖွဲ့အစည်းများနှင့် ပေါင်းစပ်ကာဦးစားပေး ဆောင်ရွက် ပေးလျက်ရှိသည်။


ယခုအခါ ဘက်ပေါင်းစုံမှ တောင်သူဦးကြီးတို့အတွက် သွင်း အားစုများ ပံ့ပိုးပေးလျက်ရှိရာ လာမည့် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကိုပင် လာမည့်ဧပြီလနှင့် မေလများတွင် ထုတ်ချေး မည်ဖြစ်ရာ တောင်သူလယ်သမား ဦးကြီးတို့အနေဖြင့် ရင်းနှီးမတည် ငွေများလုပ်ငန်းလည်ပတ်ငွေများ ငွေတိုးပေးချေးငှားဆောင်ရွက်ရန် မလိုနိုင်တော့ပေ။


မြန်မာနိုင်ငံသည် သဘာဝသယံဇာတ၊ ပေါကြွယ်ဝသည့်ပြင် စိုက်ပျိုးရေးအတွက် သဘာဝမှပေးသည့် ရာသီဥတုအခြေအနေ ကောင်းများ ရရှိပိုင်ဆိုင်ထား၍ ရိုးသားကြိုးစားသော တောင်သူ လယ်သမားတို့၏ စွမ်းအားဖြင့်လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးမှသည် စိုက်ပျိုးရေးအခြေခံသည့် စက်မှုနိုင်ငံအဖြစ် ပြောင်းလဲ ပေါ်ထွန်းလာရေးကို အားကြိုးမာန်တက် စွမ်းဆောင်ရာတွင် အဓိကစွမ်းအားရှင်များဖြစ်ကြသည့် လယ်သမားဦးကြီးများကို ဂုဏ်ပြုအပ်ပေသည်။






အခြားဆက်စပ်သတင်းများ