နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆန္ဒပြပွဲမှာ ပါဝင်သူအားလုံး COVID-19 ရှိ၊ မရှိ ဆေးစစ်ရန် မင်နီဆိုတာပြည်နယ်အုပ်ချုပ်ရေးမှူး တိုက်တွန်း

ဇွန် ၅ ဝါရှင်တန်


ရဲအရာရှိကြောင့် လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးမှုအပေါ် မကျေနပ်၍ ဆန္ဒပြ နေသူအားလုံး ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးမှုခံယူကြရန် မင်နီဆိုတာပြည်နယ်အုပ်ချုပ်ရေးမှူး တင်ဝါ့ဇ်က တိုက်တွန်းခဲ့သည်။ မင်နီဆိုတာပြည်နယ်တွင် နေထိုင်သူများအနေဖြင့် ဆေးစစ်မှုခံယူရန် လုပ်ဆောင်ရမည့်အဆင့်များနှင့်ပတ်သက်၍ မင်နီဆိုတာ ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည့် သတင်းအချက်အလက်များကို တင်ဝါ့ဇ်က တွစ်တာပေါ်တွင် ထည့်သွင်းရေးသားခဲ့သည်။


'' ဗိုင်းရပ်စ် ရှိသူနဲ့ ထိတွေ့မိတယ်လို့ ထင်ရင် ဆန္ဒပြပွဲအပြီး ၅ ရက်အကြာမှာ ဆေးစစ်ပါ။ ဆေးစစ်မှုမှာ ရောဂါပိုးမရှိဘူးလို့ ပြရင် (ဆန္ဒပြပွဲအပြီး) ၁၄ ရက်အကြာမှာ နောက်ထပ်ဆေးထပ်စစ်ပါ''ဟု တင်ဝါ့ဇ်က ဖော်ပြထားသည်။


ဂျော့ဖလွိုက် သေဆုံးမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံတစ်ဝန်းတွင် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး၊ ရဲတပ်ဖွဲ့ရဲ့ ရက်စက်မှုအပေါ် ဆူပူအုံကြွဆန္ဒပြမှုများ ဖြစ်ပွားနေသည်။ နယူးယော့ခ်မြို့၊ မန်ဟတ်တန်မြို့နယ်တွင် ညမထွက်ရအမိန့် ချိုးဖောက်ပြီး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးလျက်ရှိသည်။ 

    

(KNT)






အခြားဆက်စပ်သတင်းများ