နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန်နိုင်ငံတွင် ထိန်းသိမ်းခံခဲ့ရသည့် အမေရိကန် ရေတပ် စစ်မှုထမ်းဟောင်း ပြန်လွတ်မြောက်

ဇွန် ၅  ဝါရှင်တန်


အီရန်နိုင်ငံတွင် ထိန်းသိမ်းခံခဲ့ရသည့် အမေရိကန်ရေတပ် စစ်မှုထမ်းဟောင်းတစ်ဦး ပြန်လည် လွတ်မြောက်လာပြီး အမေရိကန်နိုင်ငံသို့ ပြန်ရောက်လာခဲ့သည်။ မိုက်ကယ်ဝှိုက်မှာ ပြီးခဲ့သည့်နှစ်က ခွဲခြား ဖော်ပြခြင်းမရှိသည့် စွဲချက်များဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူဖြစ်သည်။ သို့သော် ပြီးခဲ့သည့် မတ်လတွင် ကျန်းမာရေးကိစ္စကြောင့် ဆွစ်ဇာလန်သံရုံးသို့ ယာယီပြန်လွှတ်ပေးခဲ့သည်။ မိုက်ကယ်ဝှိုက်သည် ၂၀၁၈ ခုနှစ်က ယင်း၏ချစ်သူနှင့်တွေ့ဆုံရန် အီရန်နိုင်ငံ မာရှက်မြို့ကို သွားရောက်ခဲ့ပြီးနောက် အဖမ်းခံခဲ့ရသည်။


အီရန်လူမျိုး ဆရာဝန်တစ်ဦး အမေရိကန်နိုင်ငံမှ ပြန်လွတ်လာကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ကြေညာသည့်နေ့တွင် မိုက်ကယ်ဝှိုက် ပြန်လွတ်လာခြင်းဖြစ်သည်။ သို့သော် အီရန်သိပ္ပံပညာရှင် မာဂျစ်တာဟီရီကို ပြန်လွှတ်ပေးပြီး အီရန်နိုင်ငံထံ ပြန်ပို့ခဲ့သည်ဆိုသောသတင်းနှင့် ပတ်သက်၍ အမေရိကန်အရာရှိများက ယခုအချိန်အထိ အတည်ပြုခြင်းမရှိသေးပေ။


အမေရိကန်တက္ကသိုလ်၏ သုတေသနလျှို့ဝှက်ချက်ကို ရောင်းစားရန် ကြိုးစားမှုဖြင့် ၂၀၁၆ ခုနှစ်တွင် စွဲချက်တင်ခံခဲ့ရသည့် ဒြပ်ဝတ္တုသိပ္ပံပညာရှင် အက်စ်ဂါရီမှာ ပြီးခဲ့သည့်နိုဝင်ဘာလက ပြန်လွတ်မြောက်ခဲ့သည်။ အက်စ်ဂါရီ ပြန်လွတ်မြောက်မှုမှာ အမေရိကန်နှင့် အီရန်နိုင်ငံကြား ကြုံတောင့်ကြုံခဲ ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်ဖွယ်ရှိသည်။ သို့သော် အမေရိကန်နိုင်ငံက အီရန်နိုင်ငံနှင့် တိုက်ရိုက်အကျဉ်းသားလဲလှယ်မှုလုပ်သည်ဆိုခြင်းကို ငြင်းဆန်ထားသည်။                                                                  


(KNT)






အခြားဆက်စပ်သတင်းများ