နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စည်းကမ်းတကျ အမှိုက်စွန့်ပစ်စေချင်

အမှိုက်ဟူသည် လူတို့စွန့်ပစ်ရာမှ အဓိကဖြစ်ပေါ်လာသည့် အရာဝတ္ထုပစ္စည်းများဖြစ်သည်။ ရန်ကုန်မြို့တော်တွင် လူဦးရေ ထူထပ်သည်နှင့်အမျှ စွန့်ပစ်အမှိုက်လည်းများပြားလာနေသည်။ အမှိုက်ဟူသည် မကောင်းသောစွန့်ပစ်အညစ်အကြေးဖြစ်ခြင်း၊ ပတ်ဝန်းကျင်အမြင်မတင့်တယ်ခြင်း၊ ကျန်းမာရေးထိခိုက်စေခြင်း စသည်တို့ဖြစ်တတ်သည်ကို သိရှိနေပါလျက် မဆင်မခြင်စွန့်ပစ် နေခြင်းများ နေ့စဉ်ဖြစ်ပေါ်နေသဖြင့် အမှိုက်ကို စနစ်တကျစွန့်ပစ် ကြရန် အမြဲနှိုးဆော်နေကာ  စနစ်တကျသိမ်းဆည်းမှုများလည်း ဆောင်ရွက်နေရသည်။ 


ရန်ကုန်မြို့တော်သည် လူဦးရေအထူအထပ်ဆုံးနှင့် စွန့်ပစ် အမှိုက်တန်ချိန်မြောက်မြားစွာထွက်ရှိနေသည့် မြို့တော်ကြီးတစ်ခု ဖြစ်သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ ပတ်ဝန်းကျင်နှင့် ထိန်းသိမ်းရေးဌာနသည် နေ့စဉ်ထွက်ရှိလာသည့် အမှိုက်များကို ၂၄ နာရီပတ်လုံးသိမ်းဆည်းပေးလျက်ရှိသည်။


လူတို့စွန့်ပစ်သောအမှိုက်များတွင် အခြားအမှိုက်များထက် မီးဖိုချောင်သုံးစွန့်ပစ်အမှိုက်များက ပိုများသည်ဟုသိရသည်။ အထူးသဖြင့် မြို့တွင်းအထပ်မြင့်တိုက်များတွင် နေထိုင်ကြသူတို့ သည် နေ့စဉ်မိမိနေအိမ်မှစွန့်ပစ်အမှိုက်များကို စနစ်တကျထုပ်ပိုး ပြီး သက်ဆိုင်ရာအမှိုက်ပုံ (သို့မဟုတ်) အမှိုက်သိမ်းဆည်းသူတို့ထံ ပို့ဆောင်ကြရန်လိုအပ်သည်။ သို့မှသာ စနစ်တကျသိမ်းဆည်းပေး နိုင်မည်။


ထိုသို့ပို့ဆောင်ခြင်းမပြုဘဲ အထပ်မြင့်မှ နောက်ဖေးလမ်းကြား သို့ အလွယ်တကူစွန့်ပစ်လိုက်ခြင်းသည် စည်းကမ်းမဲ့ပြုလုပ်ခြင်း ဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးထိန်းချုပ် ရေးအတွက် အပြင်ထွက်သူတိုင်း နှာခေါင်းစည်းများကို တပ်ဆင် သွားလာကြသည်ကို တွေ့ရှိရသော်လည်း၊ ယင်းနှာခေါင်းစည်းများ ကို လွယ်လင့်တကူစွန့်ပစ်နေကြသည်။ အမှိုက်ပုံးများထဲသို့ ထည့်သွင်းစွန့်ပစ်ခြင်းမပြု၍ လေတိုက်ရာလွင့်ပါလျက်ရှိသည်။ အမှိုက်သိမ်းဆည်းခြင်းသည်   ဂုဏ်ယူစရာမြို့ကြီးသားစရိုက် လက္ခဏာဖြစ်ပြီး မဆင်မခြင်စွန့်ပစ်ခြင်းသည် ရှက်စရာကောင်း သောအလုပ်ဖြစ်သည်ကို သတိပြုမူကြဖို့လိုပေသည်။


မြို့ပြဖွံ့ဖြိုးတိုးတက်အောင်၊ စည်းကမ်းရှိသောမြို့ကြီး၊ ပြကြီး ဖြစ်ပေါ်အောင် ပြောင်းလဲဆောင်ရွက်ရာတွင် မြို့နေပြည်သူများ လိုက်နာကျင့်သုံးအပ်သောအရာများထဲတွင်     အမှိုက်များကို စည်းကမ်းတကျစွန့်ပစ်တတ်သည့် အလေ့အထလည်းပါဝင်နေ၍၊ စည်းကမ်းရှိစွာကျင့်ကြံအားထုတ်ကြရန် လိုအပ်သည်။


မြို့ပြနေပြည်သူများ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ခြင်းနှင့် စည်းကမ်းပြည့်ဝသောမြို့ကြီးသားဖြစ်အောင် ပြည်သူတစ်ရပ် လုံး၏စွမ်းအားဖြင့်  ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သန့်ရှင်း သပ်ရပ်သောမြို့ပြဝန်းကျင်ကောင်းတစ်ခု ဖြစ်ပေါ်လာမည်ဖြစ် သည်။ သို့မှသာ မြို့တော်နေပြည်သူများ စိတ်၏ကျန်းမာခြင်း၊       ကိုယ်လက်ကျန်းမာခြင်းတို့ပြည့်စုံလာပြီး နေချင်စဖွယ်ကောင်း သောမြို့ပြပတ်ဝန်းကျင်ဖြစ်ပေါ်လာမည်ဖြစ်ရာ စွန့်ပစ်အမှိုက် များစနစ်တကျစွန့်ပစ်ကြရန်         နှိုးဆော်တိုက်တွန်းအပ်ပေ      သည် ။     ။






အခြားဆက်စပ်သတင်းများ